သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
MNDAA ထိန်းချုပ်နယ်မြေများတွင် တရုတ်စာသားနှင့် တံဆိပ်ပါ မုန့်အချို့ ရောင်းချမှု တားမြစ်ပိတ်ပင်

AB News – စက်တင်ဘာ ၃၊ ၂၀၂၆

ကိုးကန့်တပ်မတော် (MNDAA) က ကျောင်းမုန့်စျေးတန်းများတွင် ကျန်းမာရေးနှင့် မညီညွတ်သည့်တရုတ်စာသားနှင့် တံဆိပ်ပါ သရေစာမုန့်  (Junk Food) ၁၀ မျိုးကို ရောင်းချမှု တားမြစ်ပိတ်ပင်လိုက်ကြောင်း ယနေ့ စက်တင်ဘာလ (၃) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

MNDAA ၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့က ပူးပေါင်း၍ ကျောင်းမုန့်စျေးတန်းများကို ကွင်းဆင်းစစ်ဆေးပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ ကွင်းဆင်းစစ်ဆေးမှုအတွင်း အချို့သောမုန့်များတွင် ကလေးငယ်များ၏ အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ၊ အာရုံကြောကိုထိခိုက်စေသည့် ဓာတုပစ္စည်းများ၊ ဉာဏ်ရည်ဖွံဖြိုးမှုနှင့် အရိုးအဆစ်ဖွံ့ဖြိုးမှုကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ အလွန်အကျွံပါဝင်နေကြောင်း သိရသည်။

ထို့အပြင် MNDAA ကျန်းမာရေးဌာန၏ စစ်ဆေးမှုများအရ ကျောင်းသား၊ ကျောင်းသူများ စားသုံးနေသည့် မုန့်အချို့တွင် ကျန်းမာရေးကိုထိခိုက်စေသည့် ဓာတုပစ္စည်းများ၊ အချိုတု၊ တာရှည်ခံဆေး၊ ဆိုးဆေးနှင့် ဆားဓာတ်အလွန်အကျွံပါဝင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည့် ကျန်းမာရေးနှင့် မညီညွတ်သော သရေစာ (၁၀) မျိုးအပြင် FDA ထောက်ခံချက်မရှိသော၊ သက်တမ်းလွန်သော အစားအသောက်များကို ကျောင်းဝန်းအတွင်း ရောင်းချခွင့်ပိတ်ပင်လိုက်ပြီး မလိုက်နာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

တားမြစ်ချက်ကို အကောင်ထည်ဖော်ဆောင်ရွက်ရန် ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ (၁) လကို သတိပေးကာလ သတ်မှတ်ထားပြီး စျေးသည်များအနေဖြင့် လက်ကျန်မုန့်များကို ရှင်းလင်းထားရန်နှင့် ထပ်မံမှာယူခြင်း မပြုရန် ညွှန်ကြားထားပြီး သတိပေးကာလ ကုန်ဆုံးပြီးနောက်တွင် ‌ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ကာ တားမြစ်ချက်ကို မလိုက်နာသူများအား အ‌ရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

တားမြစ်ထားသည့် မုန့်များတွင် La Mo Fang၊ KISS TABLETS၊ Su Niu Du၊ တက်နားရွက်ကြွပ်၊ Yu Mi Chang၊ Su Xai Pa Zi၊ Xiāng Là Jīn Zhēn Gū၊ Wǎnghóng Bàngbàngtiáo၊ Měi Rì Hǎi Tāi Wèi-Là Piàn နှင့် Duōxīng Lǜshuǎng တို့ပါဝင်သည်။

Photo – MNDAA

ထင်မြင်ယူဆချက်‌‌ပေးရန်