
AB News- ဇန်နဝါရီ ၂၃၊ ၂၀၂၅
မာန်အောင်-ရမ်းဗြဲ လိုင်းဆွဲနေသည့် ဘုတ်နှင့် ဘုတ်ပိုင်ရှင်ကို စစ်ကော်မရှင် ရေတပ်မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မာန်အောင်မြို့မှ ခရီးသည်များ တင်ဆောင်ပြီး ရမ်းဗြဲမြို့သို့ အပြန် တောဆိပ်ကမ်းလမ်းတွင် စစ်ကော်မရှင်တပ်သားများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင် ရေတပ်ထံ ဖမ်းဆီးခံရသည့် ဘုတ်ပိုင်ရှင်မှာ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာမှ ဦးဇာမိုးဟန် (ခ)ခွေးချေ ဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့်နှစ်များတွင် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းပြီး မာန်အောင်မှ သစ်များခိုးခုတ်ပြီး တခြားနေရာများသို့ တင်သို့ပေးခဲ့သူ တစ်ဦးဖြစ်ကြောင်းသ်ိရသည်။
ဦးဇာမိုးဟန် (ခ)ခွေးချေ တင်ဆောင်လာသည့် ဘုတ်တွင် ခရီးသည် ၄ ဦး ပါပြီး ၎င်းတို့ကို ပြန်လွတ်ပေးခဲ့ကာ ဘုတ်ပိုင်ရှင်နှင့် ဘုတ်ကို စစ်ကော်မရှင် ရေတပ်မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းအား စစ်ကော်မရှင် ရေတပ်မှ ဖမ်းဆီးထားပြီး မိသားစုဝင်များနှင့် တွေ့ခွင်မပေးကြောင်း ဆွေမျိုးတော်စပ်သူများက ဆိုကြသည်။