သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ခရစ္စမတ်နေ့ သံတွဲကို စကမ ဗုံးကြဲ၊ သက်ကြီးပိုင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးသေဆုံး

AB News – ဒီဇင်ဘာ ၂၅၊ ၂၀၂၅
အောင်စိုး

ခရစ္စမတ်နေ့တွင် ရက္ခိုင်ပြည်၊ သံတွဲမြို့ကို အာဏာသိမ်းစစ်ကော်မရှင် (စကမ)က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း APM သတင်းဖော်ပြချက်အရ သိရသည်။

ယနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၁ နာရီနီးပါးအချိန် သံတွဲမြို့၊ အမှတ် (၅) တိုက်နယ်၊ ရပ်ရှည်ကျေးရွာကို စကမ က ပေါင် ၅၀၀ ဗုံး ၂ လုံး ချဲကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၅၅ နှစ်အရွယ် ဒေါ်နော်စေးရေဖော ဖြစ်ကြောင်း ဆိုသည်။

၎င်းသည် ရွာ၏အရှေ့ဖက် ရော်ဘာခင်းတွင် အလုပ်လုပ်နေစဥ် စကမ ကြဲချသည့် ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဒေါ် နော်စေးရေဖောသည် ပြည်မဖက်မှ စစ်ဘေးရှောင်လာသူတစ်ဦးဖြစ်ပြီး ၎င်း၏ နေရပ်ဇာတိကိုမူ မသိရှိသေးပေ။

စကမ သည် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ရက္ခိုင်က ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် မြို့နယ်များကိုယခင်ထက် လေကြောင်း၊ ရေကြောင်းလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်လာမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု မြှင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်း စကမ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်တွင် ဒေသခံပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး နှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အပါအဝင် စုစုပေါင်းဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ULA/AA က အောက်တိုဘာလတွင် တရားဝင်ထုတ်ပြန်ပြောဆိုထားသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးအား ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃၃ ဦးသေဆုံးပြီး ၈၀ နီးပါး ဒဏ်ရာရသွားခဲ့သည်။ 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ