သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ရိုးမအစပ် စစ်ကော်မရှင် စခန်း ၅ ခုကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထား

AB News – ဒီဇင်ဘာ ၃၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ရိုးမအစပ်ဒေသ ဧရာဝတီ၊ မကွေးနှင့် ပဲခူးတိုင်းမှ စစ်ကော်မရှင်တပ်၏ တပ်စခန်း ၅ ခုနှင့် ရွာ ၃ ရွာကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားကြောင်း ISP Myanmar ၏ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရှိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ဧရာဝတီ၊ မကွေးနှင့် ပဲခူးတိုင်းကို တပ်ဖြန့် ထိုးစစ်ဆင်လာခဲ့သည်။

ထို့နောက် ၁၀ လကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်၏ စစ်စခန်း ၅ ခုနှင့် ရွာ ၃ ရွာကို သိမ်းယူထားပြီး ကပစ-၆ နှင့် ကပစ-၁၄ တို့ကို ဦးတည်၍ ထိုးစစ်ဆင်လျက်ရှိသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသော စခန်း ၅ ခုမှာ အမ်း-ပဒါန်းလမ်းပေါ်မှ စစ်ခန်း ၂ ခု၊ ပန်းတောင်းမြို့ပေါ် မှ စစ်စခန်း ၂ ခုနှင့် ဂွ-ငသိုင်းချောင်းကြားမှ စစ်စခန်း ၁ ခုတို့ဖြစ်ကြောင်း သိရှိရသည်။

အမ်း-ပဒါန်းလမ်းပေါ်မှ သိမ်းပိုက်ထားသော စစ်စခန်း ၂ ခုမှာ ပဇီကျေးရွာအနီး မျှော်စင်စစ်စခန်းနှင့် ဂုတ်ကြီးစစ်စခန်းတို့ဖြစ်ပြီး ပန်းတောင်းမြို့နယ်က စစ်ကောင်စီ စစ်စခန်း ၂ ခုမှာ ပုဂံကွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက် ၅ မိုင်ခန့် အကွာရှိ ၆၆၆ ပွိုင့်ကုန်းနှင့် ပန်းတောင်း-တောင်ကုတ်လမ်းပေါ်ရှိ မိုးထိတောင်စစ်စခန်းနှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့အနီးက စစ်ကောင်စီအမှတ်တပ်ရင်း အမှတ် ၃၄၄ အနီးက ကာကင်းစခန်း ၂ ခုထက်မနည်းကို AA က သိမ်းပိုက်ခဲ့သည်။

AA သိမ်းပိုက်ထားသော ကျေးရွာ ၃ ရွာမှာ မကွေးတိုင်း၊ ငဖဲမြို့နယ်မှ ပဇီကျေးရွာ၊ ဂွမြို့အစပ် ဧရာဝတီတိုင်းထဲက မကျီဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် AA နှင့် ပူးပေါင်းတပ်များက ကပစ ၁၄ ရှိရာ မကွေးတိုင်း ပဒါန်းမြို့နှင့် ၁၇ မိုင် ဝန်းကျင်တို့တွင် ထိုးစစ်ဆင် တိုက်ခိုက်ရန် ရောက်ရှိနေပြီ ဖြစ်သည်။

မကွေးတိုင်း ၊ ပဲခူးတိုင်းနှင့် ဧရာဝတီ အနောက်ဖက်ကမ်းတွင် ရှိသော စစ်ကော်မရှင်၏ ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၁၆ ခု အနက် AA နှင့်ပူးပေါင်းတပ်များက ရက္ခိုင်ပြည်နှင့် နီးစပ်ရာ နေရာများရှိ စခန်းများကို ထိုးစစ်ဆင် သိမ်းပိုက်ရန် ကြိုးစားလျှက်ရှိသည်။

ထို့နောက် AAနှင့် ပူးပေါင်းတပ်များက ကပစ ၁၄ ရှိရာ မကွေးတိုင်း၊ ပဒါန်းမြို့နှင့် ၁၇ မိုင် ဝန်းကျင်တို့တွင် ထိုးစစ်ဆင် တိုက်ခိုက်ရန် ရောက်ရှိနေပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုကြသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ရက္ခိုင်ပြည်ရှိ ၎င်းတို့ လက်လွတ်ဆုံးရူံးထားသော နယ်မြေများကို ပြန်လည် ထိုးစစ်ဆင် သိမ်းယူရန် မအောင်မြင်သဖြင့် ရှမ်းမြောက် အပစ်ရပ်မှုကို အခွင့်ရေးယူကာ ရက္ခိုင်ပြည်တွင် စစ်အင်အားထပ်ဖြည့်တိုးခြင်း နှင့် လေကြောင်းမှ တိုက်ခိုက်မှုတို့ကို တိုးမြှင့်တိုက်ခိုက်လာသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ