
AB News – အောက်တိုဘာ ၃၁၊ ၂၀၂၅
ဖြိုးဝေ
ရက္ခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင် (ခ) Mg Alpha ကို စစ်ကော်မရှင်က AA အား ထောက်ပို့နေသည်ဟု စွပ်စွဲ၍ စတင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးပြီး စစ်ကြောရေးစခန်းသို့ ပို့ဆောင်ဲခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် နေထိုင်သော အဆိုတော် ဇွဲပြည့်ပိုင်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး AA ကိုထောက်ပို့နေသည်ဟု စွက်စွဲချက်ဖြင့် ခန္ဓာကိုယ်ကို လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ စစ်ဖိနပ်ဖြင့် ရင်ဘက်ကို နင်းကန်ခြင်းများပြုလုပ်ပြီး သေနတ်ဒင်ဖြင့် ရိုက်သည့်အပြင် ရေနစ်ညှဥ်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုတော်ဲ ဇွပြည့်ပိုင်ကို စစ်ကြောရေးတွင် ရက်ပေါင်း ၂၀ ကျော်ကြာ စစ်တပ်က ညှဥ်းပန်း နှိပ်စက်ခဲ့ပြီး AA နှင့် ပတ်သတ်သော အထောက်ထားများမတွေ့ရသဖြင့် အောက်တိုဘာလ အလယ်ပိုင်းတွင် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုတော် ဇွဲပြည့်ပိုင် (ခ) Mg Alpha သည် အသက် ၂၀ ကျော် အနုပညာရှင် တစ်ဦးဖြစ်ပြီး တေးရေး၊ တေးဆိုပြင် ရက္ခိုင်သီချင်းများကို ရေးဖွဲ သီဆိုသူဖြစ်ပြီး 11/ Arakan သီချင်းမှာ ရက္ခိုင်တိုင်းရင်းသားများကြား လူကြိုက်များလာသူဖြစ်ကြောင်း သိရှိရသည်။