သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ ပွိုင့်ကမ်းခြေအနီး စစ်ကော်မရှင် ရေတပ်သင်္ဘော ၂၀ ခန့် ရောက်ရှိ
စစ်တွေ ပွိုင့်ကမ်းခြေအနီး စစ်ကော်မရှင် ရေတပ်သင်္ဘော ၂၀ ခန့် ရောက်ရှိ

AB News – သြဂုတ် ၁၈၊ ၂၀၂၅

နွယ်စိုး စစ်တွေမြို့၊ ပွိုင့်ကမ်းခြေအနီးတွင် အကြမ်းဖက် စစ်ကော်မရှင် ရေတပ်သင်္ဘော အစီးရေ ၂၀ ခန့် ရောက်ရှိနေကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် ပင်လယ်ပြင်တွင် စစ်ကောင်စီ၏ ရေတပ်အင်အား တို့ချဲ့နေကြောင်း စစ်တွေ ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“အခုရက်ပိုင်းအတွင်း ပွိုင့်ကမ်းခြေနားမှာ ရေတပ်သင်္ဘော ၂၀ လောက်တော့ရှိတယ်။ အရင်က အဲဒီလောက်မရှိဘူး။ သူတို့ရေတပ်သင်္ဘောတွေက ပွိုင့်ကမ်းခြေတစ်နေရာတည်းမဟုတ်ပဲ စစ်တွေပင်လယ်ပြင် အနီးအနားတဝိုက်မှာ လှုပ်ရှား​နေတာတွေ့ရတယ်” ဟု ဆိုသည်။

စစ်တွေပင်လယ်ပြင်သို့ စစ်ကော်မရှင် ရေတပ်များ ရောက်ရှိနေခြင်းသည် စစ်ရေးလှုပ်ရှားမှုနှင့် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်တွေမြို့နယ်အတွင်း စစ်ကော်မရှင် နှင့် အာရက္ခတပ်တော် (AA) တို့အကြား အပြန်အလှန် လက်နက်ကြီးတိုက်ပွဲများ အတန်ကြာ ရပ်တန့်နေခဲ့သော်လည်း ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ စစ်ကော်မရှင်က စစ်ရေးလှုပ်ရှားမှုများ နှင့်အတူ ပစ်ခတ်မှုများ ပြုလုပ်လာနေသည်။

ထို့အပြင် စစ်ကော်မရှင်၏ ရေတပ်များမှ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်အနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် စစ်ဘေးရှောင်နေကြရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မြို့များအပါအဝင် မြို့ပေါင်း ၆၃ မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ရေကြောင်းမှတစ်ဆင့် စစ်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ