AB News-ဇူလိုင် ၁၇၊ ၂၀၂၅
အာရက္ခရေပိုင်နက်အတွင်း တရားမဝင် လာရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘုတ် ၃ စီးနဲ့ ငါးဖမ်းသမား ၂၃ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကမ်းရိုးတန်း လုံခြုံရေးတပ်ဖွဲ့ ကဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ဘုတ် ၃ စီးနဲ့ ငါးခိုးဖမ်းသူ ၂၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းဘုတ်တွေအနေနဲ့ အာရက္ခိုင်ရေပိုင်နက်အတွင်း ငါးဖမ်းလိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တဆင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ ခွင့်ပြုချက်တောင်းခံပြီးမှသာ ငါးဖမ်းခွင့် ရရှိနိုင်မည် ဖြစ်တယ်လို့ အာရက္ခကမ်းရိုးတန်း လုံခြုံးရေးတပ်ဖွဲ့က ဆိုပါတယ်။