သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခပင်လယ်ပြင်အတွင် ငါးခိုးဖမ်၍ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးတို့ကို အာရက္ခတပ်တော်က ပြန်လွှတ်ပေး


AB News-ဧပြီ ၁၇၊ ၂၀၂၅
အာရက္ခပင်လယ်ပြင်အတွင်း တရားမဝင် ငါးခိုးဖမ်း၍ ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးတို့အား အာရက္ခတပ်တော်က ဧပြီလ ၁၆ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
၎င်းတို့ကို ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ အာရက္ခတပ်တော်က လွှဲပြောင်းလွှတ်ပေးခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့လက်ထဲသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည်ကို တွေ့ရပြီး ၎င်းတို့မှာ ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အာရက္ခပင်လယ်ပြင်အတွင်း တရားမဝင် ငါးခိုးဖမ်း၍ အာရက္ခတပ်တော် AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသူများဖြစ်သည်။
အာရက္ခပင်လယ်ပြင်အတွင်း တရားမဝင် ဝင်ရောက်၍ ငါးဖမ်းဖမ်းခြင်းများ မပြုလုပ်ကြရန် အာရက္ခတပ်တော် AA အကြိမ်ကြိမ် သတိပေးထားပေးထားပြီး ဖြစ်သည်ကိုလည်း တွေ့ရှိရသည်။
ယခင်ကလည်း ထိုသို့ တရားမဝင် ဝင်ရောက်၍ ငါးခိုးဖမ်းသူများအား AA က ထိန်းသိမ်းပြီး သတိပေးကာ ပြန်လည်လွှတ်ပေးမှုများရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ