သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့ သင်္ကြန်အကျနေ့တွင် ကနီမြို့နယ်က ကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

AB News – ဧပြီ ၁၄၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ ကျေးရွာများကို ယနေ့ ဧပြီလ ၁၄ရက်၊ နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီသည် ယနေ့ နံနက် ၅ နာရီခန့်အချိန်တွင် ဂျက်ဖိုက်တာ၊ Y 12၊ ဒရုန်းနှင့် စက်တပ်လေထီး(ပါရာမိုတာ) တို့ကို အသုံးပြု၍ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

စစ်ကောင်စီသည် ကနီမြို့နယ်၊ သမင်ခြံရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကြဲချခဲ့သော ဗုံးသီးများမှာ ဘုန်းတော်ကြီးကျောင်းတွင် ကျရောက်ပေါက်ကွဲ၍ ကိုရင် နှစ်ပါး ပျံလွန်တော်မှုခဲ့ရသည်။ ထို့အပြင် မုဌောရွာမှ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ကနီမြို့အတွင်းရှိ သမင်ခြံရွာ၊ မုဌောရွာ၊ နတ်ကြီးရွာ၊ ဆူးလေးကုန်းရွာအပါအဝင် ကျေးရွာ ၇ ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်ပင် အင်းတော်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခဲ့ပြီး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု မြို့ခံများက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ