သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပေါက်တောက မူဆလင်အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

AB News-ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅

စစ်တွေမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်မှ မူဆလင်အမျိုးသားတစ်ဦး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း AB News က စုံစမ်းသိ ရှိရသည်။

စစ်ကောင်စီပစ်ခတ်သည့် မူဆလင်အမျိုးသားသည် ပေါက်တောမြို့နယ်၊ အနောက်ရဲ(မူဆလင်)ကျေးရွာမှ အသက် ၃၃ နှစ်အရွယ် ဦးချော်ဘီရာမောက်ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဖေဖော်ဝါရီလ ၂၅ ရက်၊ ညည့် ၉ နာရီတွင် ကုန်ပစ္စည်းတင်ယူရန်သွားစဥ် ဝါစတာမီးတိုင်အနီး အရောက်တွင် စစ်တွေမြို့တွင်ရှိသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။

ထိုပစ်ခတ်မှုကြောင့် ဦးချော်ဘီရာမောက်၏ ဘယ်ဘက်တင်တွင် ကျည်ဖောက်ဝင်သွားပြီး လက်ရှိတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်းလည်း သိရှိရသည်။

စစ်တွေတွင် စစ်ကောင်စီတပ်အား အာရက္ခတပ်တော်က ဝိုင်းရံထားပြီး ပိတ်ဆို့ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေပြီး၊ စစ်ကောင်စီဖက်ကလည်း လက်နက်ကြီး၊ လေယာဥ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ