သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မကွေးတိုင်း ၊ ဆောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိမှန်၍ ကျောင်းနေအရွယ် မိန်းကလေးငယ် ၃ ဦး အပါအဝင် သက်ကြီးပိုင်းအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

AB News – ဒီဇင်ဘာ ၇ ၊ ၂၀၂၄

မကွေးတိုင်း ၊ ဆောမြို့နယ် ၊ တေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းနေအရွယ် မိန်းကလေးငယ် ၃ ဦးအပါအဝင် သက်ကြီးပိုင်းအမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ ၊မွန်းလွဲ ၉ နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် တေးရွာတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းနေအရွယ်မိန်းကလေးငယ် ၃ ဦးအပါအဝင် သက်ကြီးပိုင်း အမျိုးသား ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသား ၁ ဦးက AB News သို့ပြောသည်။

“လက်နက်ကြီး ပစ်တာကတေ့ာ ညနေပိုင်းအချိန်ကပင် မနက်မိုးသောက်ချိန်ထိပစ်တာ။ မွန်းလွဲ ၉ နာရီအချိန်လောက်မှာ တေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ နေအိမ်တချို့လည်း လက်နက်ကြီးကျည်စကြောင့် ပျက်စီးသွားခဲ့တယ်” ဟုဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ တေးကျေးရွာမှ အသက် ၇ နှစ်နှင့် ၉ နှစ်အရွယ်ခန့်သာရှိသည့် ကျောင်းနေအရွယ် မိန်းကလေးငယ် ၃ ဦးနှင့် အသက် ၄၀ ခန့်ရှိသော အမျိုးသား ၁ ဦးဖြစ်သည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်သည် အိမ်ရှေ့လမ်းဘေးဇောင်းတွင် ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့လည်း ကျည်စထိမှန်၍ ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၃၀ ရက်နေ့ ၊ ညနေပိုင်းအချိန်တွင် မကွေးတိုင်း ၊ ဆောမြို့နယ်၊ ကံချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၊ နေအိမ် ၂၀ ခန့်မီးလောင်ပျက်စီးသွားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ