
AB News – နိုဝင်ဘာ ၃၀၊ ၂၀၂၄
ရက္ခိုင်ပြည်တွင် နိုဝင်ဘာလ အတွင်းစစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ရပြီး၊ ၂၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ၊ နေအိမ်အများအပြားပျက်စီးသွားခဲ့ကြောင်း AB News သတင်းမှတ်တမ်းများအရ သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် သံတွဲမြို့နယ် နန်းချောင်းရွာနှင့် လျှပ်စစ်ဓာတ်အားခွဲရုံးခြံဝန်းထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင် ၆ ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် တောင်ကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကံပိုင်ရပ်ကွက် ညစျေးတန်းမှ စျေးဆိုင်များနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားခဲ့သည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ၊ နံနက် ၁၁ နာရီခွဲတွင် သံတွဲမြို့နယ် သစ်ငုတ်တိုကျေးရွာ နှင့် မရိုးဘေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ကလေး ၁ ဦးသေဆုံးခဲ့ပြီး ၊ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ၊ နေ့လည် ၃ နာရီ ၂၀ မိနစ်အချိန်တွင် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများခှိုလုံနေသည့် နေရာအချို့ကို လေကြောင်းမှ ဗုံး ၇ လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်အချို့ဒဏ်ရာရရှိသွားခဲ့သည်။
ထပ်မံ၍ နိုဝင်ဘာလ ၁၉ ရက်နေ့ ၊ နေ့လည် ၁၁ နာရီ ၃ မိနစ်အချိန်ခန့်တွင် တောင်ကုတ်မြို့နယ် ၊ ခူးတိုက်နယ် ၊ ကမ်းဒေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်း ၁ ဆောင်ပျက်စီးသွားခဲ့ရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ၊ နံနက် ၁၀ နာရီခွဲအချိန် တောင်ကုတ်မြို့နယ် သင်္ချိုင်းကိုင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ၊ ၄ ဦးသေဆုံးသွားခဲ့ရသည်။
နိုဝင်ဘာလ ၁၅ က်နေ့ ၊ နေ့လည် ၁၂ နာရီအချိန်တွင် ဂွမြို့နယ် ၊ ဆပ်သွားတိုက်နယ် နှင့် ကျိန္တလီတိုက်နယ်မှ ရွာ ၃ ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီးသေဆုံးသွားခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ၊ နံနက် ၁၀ နာရီကျော်တွင် ဂွမြို့နယ် ၊ ဂျိုင်ကောက်ရွာကို အကြမ်းဖက်စစ်ကောက်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာသား ၇ ဦးသေဆုံးသွားခဲ့ပြီး ၅ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ၊ နံနက်ပိုင်း ၃ နာရီခွဲမှ ၇ နာရီအချိန်ထိ မောင်တောမြို့ ကညင်တန်းရပ်ကွက်ရှိ CFSI ရုံးအား အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် CSFI ရုံးအနီးဝန်းကျင်ရှိ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ၊ နံနက် (ညဥ့်) ၂ နာရီ ၄၅ မိနစ်အချိန်တွင် ဘူးသီးတောင်မြို့မှ စစ်ဘေးရှောင်များခိုလုံနေသည့် အမှတ် ၂ ရပ်ကွက် ၊ လမ်းမ ဘုန်းကြီးကျောင်းနှင့် အမှတ် ၅ ရပ်ကွက် ၊ မြစိမ်းရောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြာင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရဟန်းတပါးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ၊ နံနက်ပိုင်း ၃ နာရီခွဲအချိန်တွင် သံတွဲမြို့နယ် ၊ အံတော်တံတားထိပ်အား အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စိတ်ဝေဒနာသည်အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦးပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
နိုဝင်ဘာလ ၃ ရက် ၊ နံနက် ၁၀ နာရီကျော်လောက်တွင် မောင်တောင်မြို့ကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နခခ ၅ ခြံစည်းရိုးပျက်စီးသွားပြီး တပ်သားအချို့သေဆုံးကာ ဇူလရွာအတွင်းနေအိမ်များမီးလောင်ပျက်စီးသွားခဲ့ရသည်။
နိုဝင်ဘာလ ၂ ရက်နေ့ ၊ နံနက် ၉ နာရီကျော်အချိန်မှ ညနေ ၇ နာရီကျော်အချိန်ထိ မောင်တောမြို့နယ်ပြားသားရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင် ပြည်သူ ၄ ဦးသေဆုံးပြီး ၊ စစ်ဘေးရှောင်ဆရာတော်တပါးအပါအဝင် ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲမှုကြောင့် ၁၆ နှစ်အရွယ် ကလေးငယ်နှင့် စိတ်ဝေဒနာသည်အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး၊ ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံးသူ ၃၄ ဦးရှိခဲ့ပြီး ၊ ၇၆ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၈ ဦးရှိခဲ့ပြီး၊ ၁၃၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။