သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်   AVIC ကုမ္ပဏီထံမှ အကြမ်းဖက်စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်းဝယ်ယူရရှိထား 

AB News-ဒီဇင်ဘာ ၂၆၊၂၀၂၄

မြန်မာစစ်အုပ်စုသည် ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ၏ ရင်းနှီးမြှုပ်နှံထားသည့် မိတ်ဖက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) က ရောင်းချထောက်ပံ့ ထားသည့် လေယာဉ်အသစ် ၈ စင်းထိ ဝယ်ယူအသုံးပြုထားကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့က Justice for Myanmarမှ ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာ့လေတပ်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် စစ်အုပ်စုထိန်းချုပ်ထားသည့် မီဒီယာများ၏ ဖော်ပြမှုအပေါ် ဆန်းစစ်သုံးသပ်မှုတွင် အမှတ် (၁၄၁၃) အဖြစ် Hongdu K-8 အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဉ်တစ်စင်း၊ အမှတ် (၁၄၀၇၊ ၁၄၁၁၊ ၁၄၁၂ နှင့် ၁၄၁၃) တို့အပါအဝင် FTC-2000G အမျိုးအစား တိုက်ခိုက်ရေးလေယာဉ် အနည်းဆုံး ခြောက်စင်း၊ အမှတ် (၅၉၂၂) အဖြစ် Shaanxi Y-8 စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း တို့ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါလေယာဉ်အမျိုးအစားများကို စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှုများတွင် အသုံးပြုလေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားးသည်။ 

AVIC လေယာဉ်အသစ်များ ထပ်မံတင်ပို့မှုများသည် ကုမ္ပဏီအနေဖြင့် စစ်အုပ်စု၏ ကျူးလွန်လျက် ရှိသည့် စစ်ရာဇဝတ်မှုများကို ဆက်လက်အားပေးကူညီနေသည်ကို ပြသနေခြင်းဖြစ်သည်ဟု ဆိုထားသည်။

ယင်းအပြင် စစ်ကောင်စီကို ကူညီ‌ထောက်ပံ့ပေးနေသည့် တရုတ်ပိုင် (AVIC) ကုမ္ပဏီကို ဖိအားပေးရန် မိတ်ဖက်ကုမ္ပဏီဖြစ်သော ပြင်သစ်အခြေစိုက် Airbus ကုမ္ပဏီသို့ ပြည်တွင်း၊ ပြည်ပအရပ်ဖက်အဖွဲ့အစည်း ၃၀၀ ကျော်က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားခဲ့သည်။

Airbus ကုမ္ပဏီအနေဖြင့် စစ်ကောင်စီအတွက် ကူညီထောက်ပံ့ပေးနေသည့် ကုမ္ပဏီကို ဆက်ဆံနေခြင်းနှင့် ဘဏ္ဍာရေးဆိုင်များကိုပါ ပံ့ပိုးနေခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

AVIC ကုမ္ပဏီတွင် Airbus ၏ ရင်းနှီးမြှုပ်နှံမှုသည် ကြီးလေးသော လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများ ရှိကြောင်း အထောက်အထားများနှင့် လူထုဝေဖန်ရှုတ်ချမှုများ မြင့်တက်လာနေသော်လည်း Airbus သည် မည်သည့်အမှားအယွင်းမျှ လုပ်ဆောင်ထားခြင်း မရှိသယောင် လူသိရှင်ကြား ငြင်းဆိုထားသည်ဟု Justice for Myanmar က ဆိုသည်။

မြန်မာနိုင်ငံတဝန်းတွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု ထောင်ပေါင်းများစွာပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူပေါင်း အနည်းဆုံး ၁၇၄၉ ဦးသေဆုံးခဲ့ကာ၊ ထိုကျူးလွန်မှုများအတွက် စစ်အုပ်စုသည် အပြစ်ပေးအရေးယူခံရခြင်းမှ လွတ်ကင်းလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ