သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့တွင်း လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရတဲ့ ပြည်သူတွေကို အာရက္ခတပ်တော်က သြဂုတ်လ ၁၀ ရက်နေ့မှာ ကယ်ထုတ်ခြင်း

မောင်တောမြို့တွင်း လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရတဲ့ ပြည်သူတွေကို အာရက္ခတပ်တော်က သြဂုတ်လ ၁၀ ရက်နေ့မှာ ကယ်ထုတ်နေတာကို Arakan Bay News သတင်းထောက် ကိုငြိမ်းခိုင်က တင်ဆက်ပေးထားတာဖြစ်ပါတယ်။

သြဂုတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ပြည်သူ ၁၂၀၀၀ ကျော်တို့ကို AA ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ကယ်ထုတ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်နှင့် မူဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဟိန္ဒူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရပြီး အမျိုးသား ၁ ဦး ဒဏ်ရာရသွားခဲ့တာ ရှိပါတယ်။

ပြည်သူတွေကို AA က ကယ်ထုတ်နေတဲ့ အချိန်မှာ စစ်ကောင်စီတပ်က Jet Fighter ‌နဲ့ လိုက်လံ ပစ်ခတ်တာတွေလည်း လုပ်ပါတယ်။

နောက်ထပ်ကျန်ရှိနေသေးတဲ့ မူဆလင်တွေနဲ့ လူနည်းစု မျိုးနွယ်စုတွေကိုလည်း AA က ဆက်လက်ကယ်ထုတ်သွားမယ်လို့ သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။