သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့ထဲမှ ပြည်သူ ၄၀၀၀ ကျော်တို့အား AA ကယ်ထုတ်လာစဥ်လမ်းတွင် မိုင်းနင်းမိ၍ မူဆလင်အမျိုးသား ၁ ဦးခြေတစ်ဖက်ပြတ်

AB News-သြဂုတ် ၈၊ ၂၀၂၄

သြဂုတ်လ ၇ ရက်နေ့က မောင်တောမြို့အတွင်း စစ်ကောင်စီတပ်နှင့် မူဆလင်လက်နက်ကိုင်များ၏ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရသည့် ဒေသခံပြည်သူ ၄၀၀၀ ကျော်တို့အား အာရက္ခတပ်တော်က ကယ်ထုတ်လာစဥ် လမ်းတွင် စစ်ကောင်စီအဖွဲ့က ထောင်ထားသည့် မိုင်းကို နင်းမိ၍ မူဆလင်အမျိုးသား ၁ ဦးမှာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။

ကယ်ထုတ်လာခဲ့သည့် လူဦးရေ ၄၀၀၀ ကျော်တို့သည် လမ်းအတိုင်း လမ်းလျှောက် သွားနေစဥ် မိုင်းနင်းမိသည့် မူဆလင်အမျိုးသားသည် ခြံတစ်ခုအတွင်း ဝင်ရောက်ကာ နွားများကို သွားလိုက်ယူစဥ် ခြံဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားခဲ့သည့် မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု ခိုင်လုံသတင်းရင်းမြစ်က AB News သတင်းထောက်များကို ပြောသည်။

“သူက လမ်းအုပ်နဲ့ လမ်းအတိုင်း သွားနေရာကနေ ခြံတစ်ခြံထဲဝင်ပြီး နွားတွေကို သွားလိုက်တာမှာ အဲဒီခြံထဲမှာ မိုင်းနင်းမိပြီး ညာဖက် ခြေထောက်တစ်ဖက် ပြတ်သွားတယ်။ ဘယ်မှာလည်း ဒဏ်ရာအနည်းငယ်ရသွားပါတယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမလိုပါဘူး။” ဟု ပြောသည်။

မိုင်းနင်းမိသူသည် မောင်တောမြို့ လသာရပ်ကွက်မှ ဖြစ်ပြီး အဖ ဦးမော်ဂူလာ၏သား အသက် ၄၀ နှစ်အရွယ် အဒူလာဖြစ်သည်။

လက်ရှိတွင် ၎င်း၏ ဒဏ်ရာအား အာရက္ခတပ်တော် ဆေးအဖွဲ့က ဆေးကုသမှု ပေးထားသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ