သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် လက်နက်ကိုင်မူဆလင်အဖွဲ့ တစ်ခု၏ ပစ်ခတ်ခံရ၍ ဒေသခံအမျိုးသားတစ်ဦး သေဆုံး

AB News-မေ ၂၇၊ ၂၀၂၄

ရက္ခိုင်ပြည် မြောက်ပိုင်းဒေသ မောင်တောမြို့နယ် ခရေမြိုင်ရွာမှ အမျိုးသား ၁ ဦးသည် ယနေ့ နံနက်ပိုင်းက အမည်မသိ လက်နက်ကိုင် မူဆလင်အဖွဲ့တစ်ခု၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မောင်တောမြို့နယ် ခရေမြိုင်ရွာမှ အဖ ဦးမဲဒေါင်း၏သား အသက် ၃၉ နှစ်အရွယ်ရှိ ဦးမောင်သာထွန်း ဖြစ်သည်။

၎င်းသည် သူ့အစ်ကို ဖြစ်သူ အသက် ၄၂နှစ်အရွယ် ဦးလှရွှေဦးနှင့်အတူ ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ခန့်တွင် ရွာ၏ အနောက်ဖက်ရှိ နူရူလာနယ်ခြားစောင့် စခန်းအနီး ချောင်းတွင် ငါးရှာနေကြစဥ် အမည်မသိ လက်နက်ကိုင် မူဆလင်အဖွဲ့တစ်ခု ရောက်လာပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ လိုက်လံပစ်ခတ်ရာတွင် သေဆုံးသွားသည့် ဦးမောင်သာထွန်း၏ ညာဖက်လက်မောင်းဆုံနှင့် ညာဖက်ဒူးဆစ်အထက်တို့တွင် ကျည် ၂ ချက်ထိမှန်သွားသည့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ရွာသားများက AB News သို့အတည်ပြုပြောသည်။

အစ်ကိုဖြစ်သူ ဦးလှရွှေဦးမှာ ပစ်ခတ်မှု ကြားထဲမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း ရွာသားများက ဆိုသည်။

သေနပ်ဒဏ်ရာ ၂ ချက်ဖြင့် လဲကျကျန်နေခဲ့သည့် သေဆုံးသူ ဦးသာထွန်းအား ရွာသားများက နံနက် ၁၁ နာရီခန့်တွင် သွားရောက် သယ်ယူခဲ့ကြရာ ရွာ မရောက်မီ မိနစ်ပိုင်းအလိုက ကျည်ထိ ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း အမည်မဖော်လိုသည့် ခရေမြိုင်ရွာသား ၁ ဦးက ပြောသည်။

“ကျနော်တို့ အရမ်းစိတ် ထိခိုက်ရပါတယ်။ ကျနော်တို့ သူ့ကို တွေ့တဲ့ခါ အသက်ရှိပါသေးတယ်။ ထမ်းလာခဲ့တာ ရွာသို့ ရောက်ခါနီးမှ သေသွားပါတယ်။ ကျည်ထိဒဏ်ရာ ၂ ချက်ပါ” ဟုပြောသည်။

ခရေမြိုင်ရွာအနီးတွင် ချောင်းတစ်ဖက်ကမ်းတွင် နရူလာ မူဆလင်ရွာ၊ ညောင်ချောင်းမူဆလင်ရွာနှင့် မောင်နီရွာတို့ရှိကြပြီး စစ်ကောင်စီ၏ နခခ ၅ ၏ အနီးလည်း ဖြစ်သည်။

မောင်တောမြို့ထဲတွင်လည်း ယနေ့နံနက်က ဟိန္ဒီဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ၉၀ ခန့် စစ်ကောင်စီနှင့်အ‌ပေါင်းအပါ စစ်သွေးကြွ ဘင်္ဂလီမူဆလင်များ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ