သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တိုက်ပွဲအတွင်း ဒေသခံဘင်္ဂလီမူဆလင်များကို ဘေးကင်းလုံခြုံသည့် နေရာသို့ အာရက္ခတပ်တော်မှ ကူညီပြောင်းရွေ့ပေး
ဒေသခံမူဆလင်များကို ကူညီဆောင်ရွက်ပေးနေသည့် အာရက္ခတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

ရက္ခိုင်တိုက်ပွဲအတွင်း မောင်တောခရိုင်မှ ဒေသခံဘင်္ဂလီမူဆလင်များကို ဘေးကင်းလုံခြုံသည့်နေရာသို့ အာရက္ခတပ်တော်မှ ကူညီပြီး ပြောင်းရွေ့နေကြောင်း ဘူးသီးတောင်မြို့နယ်မှ ဒေသခံများက ဆိုကြသည်။

ဘူးသီး‌‌တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဘင်္ဂလီရွာများမှ မူဆလင်များကို စစ်ဘေးလွတ်ရာသို့ အာရက္ခတပ်တော်မှ ကူညီပို့ဆောင်နေကြောင်း ဘူးသီးတောင်မြို့ခံ တစ်ဦးက AB News သို့ ပြောဆိုသည်။

“ကျနော်တို့ ဘူးသီးတောင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်တာတွေ ရှိတယ်။ ရွာသားတွေကို ဖမ်းဆီးတာတွေလေ့ ရှိပါတယ်။ အခုတော့ အေအေက ကျနော်တို့ကို ဘေးလွတ်ရာကို ပြောင်းရွေ့ပေးခဲ့ပါတယ်။ ကျနော်တို့ အခုလုံခြုံတဲ့ကို ရောက်ရှိနေပါပြီ” ဟု ဆိုသည်။

စစ်ဘေးသင့် ဒေသခံဘင်္ဂလီ မူဆလင်များကို ဘေးကင်းလုံခြုံသည့်နေရာသို့ အာရက္ခတပ်တော်မှ စစ်သည်၊ စစ်မေများမှ ပြောင်းရွေ့ပေးနေသည့် ဓာတ်ပုံ ၄ပုံကို အာရက္ခတပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ “X” စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ ဓာတ်ပုံများနှင့် အတူ အာရက္ခတပ်တော်မှ စစ်သည်‌တော်များမှာ ပြည်သူများအတွက် အစွမ်းကုန် ကြိုးစားနေသည့်အချိန်တွင် ကိုယ်ကျိုးစီးပွားရှာနေကြသည့် တက်ကြွလှုပ်ရှားသူများနှင့် စစ်ကောင်စီ၏ လက်ကိုင်တုတ်များက ပြင်းထန်စွာ တိုက်ခိုက်နေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဆိုသည်။

” ကိုယ့်ကိုကိုယ် တရားမျှတတယ်၊ ကိုယ်သာ မှန်တယ်ဆိုတဲ့ စိတ်ထားရှိတဲ့ လူတွေက ကိုယ်ကျိုးရှာ အခွင့်အရေးအရေးသမားတွေကို အကာအကွယ်နှင့် လုပ်ခွင့်ပေးပြီး၊ ကိုယ့်ကိုကိုယ် ဆရာကျလွန်းတယ်လို့ ထင်ထားတဲ့ သူများခိုင်းဖတ်တွေက အသံကျယ်ကျယ် ထွက်ပြနေတဲ့အခါမျိုးမှာ စစ်မှန်တဲ့ သူရဲကောင်းတွေဟာ သူတို့လိုချင်တဲ့ အိမ်မက် (အရေး) အတွက် အကြောက်တရား ကင်းကင်းနဲ့၊ ဂရုဏာတရားအပြည့်နဲ့၊ တာဝန်ကျေပွန်မှုတွေနဲ့၊ အောင်မြင်မှုတွေရဖို့ တဖြည်းဖြည်းချင်း မမှိတ်မသုန် ချီတက်လို့ ရှိနေကြတယ်။ ဒီလူတွေဟာ ငါတို့ရဲ့ အာရက္ခပြည်ရဲ့ စစ်မှန်တဲ့ သူရဲကောင်းတွေ၊ ငါတို့အဖပြည်ကို အကာအကွယ်ပေး စောင့်ရှောက်ကြတဲ့ လူတွေပဲဖြစ်တယ်” ဟု

ရေးသားဖော်ပြထားပါသည်။စစ်ကောင်စီနှင့် ဒေသခံစစ်သွေးကြွ ဘင်္ဂလီ ပူးပေါင်းတပ်များသည် ဘူးသီးတောင်မြို့ထဲရှိ ရပ်ကွက်များမှ ရက္ခိုင်၊ ဟိန္ဒူ၊ ရက္ခိုင်မျိုးနွယ်စုဝင်များ၏ လူနေအိမ် ၅၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့ခံများက ဆိုကြသည်။

ယမန်နေ့ မေလ ၉ ရက်၊ နံနက် ၅နာရီခန့်အချိန်တွင် မောင်တောမြို့နယ်ရှိ ရွှေရင်အေးရွာကို မြိုသူကြီး နခခ ၅မှ စစ်ကောင်စီနှင့် ဒေသခံစစ်သွေးကြွ ဘင်္ဂလီမူဆလင်ပူးပေါင်းတပ်မှ မီးရှို့ခဲ့ရာ လူနေအိမ် ၅၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

မေလ ၇ ရက်နေ့က မောင်တောမြို့၊ ဝေသာလီရပ်ကွက်ကို စစ်ကောင်စီအဖွဲ့နှင့် စစ်သွေးကြွ ဘင်္ဂလီမူဆလင်များ ဝင်ရောက်ကာ နေအိမ်များကို မီးရှိခဲ့ပြီး လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့ရကာ သားဖြစ်နှင့် သမီးဖြစ်သူလည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ