AB News – ဧပြီ ၆၊ ၂၀၂၄
ရက္ခိုင်ပြည်မောင်တောမြို့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇောအေးတို့ လက်နက်နှင့်အတူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးသည် ယမန်နေ့ ဧပြီလ ၅ ရက်၊ နံနက်ပိုင်းတွင် ပစ္စတိုသေနပ်များကိုယူပြီး ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
“မနေ့ညက သူတို့ ၂ ယောက်က ထွက်ပြေးသွားတာပါ။လက်နက်ငယ်တွေပါသွားတယ်။ “ဟု ဆိုသည်။
ထွက်ပြေးသွားသည့် ခရိုင်အုပ်ချုပ်ရေးမှူးတွင် ကိုထည်နံပတ် ၁၁၅၁၁ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခုနှင့် ၉ မမကျည် ၂၄ ထောင့်တို့ကိုယူပြီး ထွက်ပြေးသွားကြောင်း သိရသည်။
မောင်တောမြို့ကို စီမံခန့်ခွဲနေသည့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်း ပျက်စီးသွားပြီဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“စစ်ကောင်စီရဲ့အကြီးအကဲတွေကပြေးသွားပြီ။ AA ဝင်တိုက်မှာကိုကြောက်လို့ပေါ့။ အုပ်ချုပ်ရေးတွေလည်း လည်ပတ်မှုမရှိတော့ဘူး။ သူတို့အချင်းချင်းတောင် ရန်မူနေကြပြီ” ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ ညနေ ၈ နာရီကျော်တွင်လည်း တောင်ကုတ်မြို့မ ရဲစခန်းမှ ကိုယ်ပိုင်အမှတ် ၇၄၂၉ ကိုင်ဆောင်သူ ဒုရဲမှူး ဆန်းညွန့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
တကျော့ပြန်တိုက်ပွဲကာလ ပြင်းထန်လာသည်နှင့်အမျှ ရက္ခိုင့်တပ်တော်မှ ၁ မြို့ပြီး ၁ မြို့ ထိုးစစ်ဆင်ဆင်တိုက်ခိုက်လာရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း နေ့စဥ်ရက်ဆက်ထွက်ပြေးနေလျက်ရှိကြောင်း တွေ့ရသည်။
ဓာတ်ပုံ-ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးအား အစည်းအဝေးတစ်ခုတွင်တွေ့ရစဥ်
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL