AB News- ဇန်နဝါရီ ၁၂၊ ၂၀၂၄
ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်၊ ည ၉နာရီ အချိန်ခန့်တွင် ရသေ့တောင်မြိုနယ်၌ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရသေ့တောင်မြိုနယ်၊ ကျောက်ကုန်ဘုတ်ကျေးရွာမှ အသက်ကြီးပိုင်းအမျိုးသမီး ၁ ဦးမှာ ကျည်စထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သူမှာ ကျောက်ကုန်ဘုတ်ကျေးရွာမှ အသက် ၇၀ အရွယ် ဒေါ်နှင်းသာ၏မိခင်ဖြစ်သည်။
ယမန်နေ့က ရ သေ့ တောင်မြိုနယ်တွင် တိုက်ပွဲတစုံတရာဖြစ်ပွားမှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီ၏ ရေစိုးချောင်းဗျူဟာကုန်းမှ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်တိုက်ခတ်မှုများရှိသည်။
အဆိုပါ လက်နက်ကြီးများထဲမှ တစ်လုံးမှာ ရသေ့တောင်မြိုနယ်၊ ကျောက်ကုန်ဘုတ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး၊ ရွာသားများမှာလည်း ထွက်ပြေး တိမ်းရှောင်နေကြရသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီ ၁၁ရက် နေ့လည် ၁နာရီကျော်အချိန်ခန့်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ နေဗီဇက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် ရသေ့တောင်မြိုနယ်၊ အနောက်ပြင် ကျေးရွာအနီးတွင်ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကျေးရွာသူ၊ ရွာသားများမှာ ဘေးလွတ်ရာနေရာဒေသများသို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရပါသည်။
စစ်ကောင်စီသည် စစ်ဖက်နှင့် မသက်ဆိုင်သည့် အရပ်သားများ နေထိုင်ရာ ကျေးရွာများအတွင်းသို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်လွှင်လွှင် ကျူးလွန်လျက်ရှိသည်ကိုတွေ့ရသည်။