စစ်ကောင်စီ၏ ရယ်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရခိုင်ပြည်၊ မင်းပြားမြို့နယ် ထောင့်ချောင်းရွာမှ ကျောင်းဆရာမ တစ်ဦး သေဆုံးသွားခဲ့ရသည်။
သေဆုံးသွားသည့် ကျောင်းဆရာမမှာ အသက် ၄၈ နှစ်အရွယ်ရှိ ဒေါ်မြစောဖြစ်ပြီး ၎င်းကို ညာဖက် ရင်အုံတွင် လက်နက်ကြီး ကျည်စ ထိမှန်ပြီး ယနေ့အောက်တိုဘာ ၁၇ ရက် နေ့လည် ၃ နာရီ ၁၀ မိနစ်က သေဆုံးသွားခဲ့ခြင်းဖြစ်သည်။