သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကောင်စီက ဒေသခံ ၁၁ ဦးအား ဝရမ်းပြေးစာထုတ်

မောင်တောတွင် စစ်ကောင်စီက ဒေသခံ ၁၁ ဦးအား ဝရမ်းပြေးစာထုတ်

AB News – နိုဝင်ဘာ ၂၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် စစ်ကောင်စီမှ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဒေသခံ ၁၁ ဦးအား ဝရမ်းပြေးစာထုတ်ပြီး ဓာတ်တိုင်များတွင် စာကတ်ထားကြောင်း တွေ့ရသည်။

ဝရမ်းပြေးစာ ထုတ်ခံရသူများမှာ မောင်တောမြို့မြို့မအရှေ့ရပ်ကွက်၊ မြို့သစ်မှ ULA တရားသူကြီး ချစ်ထူးခိုင်၊ မြို့မအရှေ့ရပ်ကွက်၊ ရွာသစ်မှ KNN သောက်ရေသန့်ပိုင်ရှင်ညီညီ(ခ )ထွန်းလင်းကျော်၊ မြို့မအရှေ့ရပ်ကွက်၊ စံပြရွာမှထွေအုပ်စာရေးကြီး ကျော်မင်းလှိုင် ( ဘ) ဦးအောင်ဘလှိုင်၊ ဝေသာလီရပ်ကွက်မှ ( ဝေသာလီအုပ်ချုပ်ရေးမှူး) စံအောင်ထွန်း၊ မြို့မမြောက်ရပ်ကွက်၊ ညောင်ပင်လှရွာမှ ဝင်းစတိုးဆိုင်ပိုင်ရှင် ဦးမောင်ဝင်းသိန်း၊ ဗိုလ်မှူးရွာမှ စိန်လှဖြူ ( ဘ) ဦးမောင်ကျော်မြ၊ မြို့မအနောက်ရပ်ကွက်၊ အလယ်ရွာမှ မောင်မောင်ထွန်း ( ဘ) ဦးမောင်ကြီးအောင်၊ မြို့မ အရှေ့ရပ်ကွက် ရွာသစ်မှ ( နဝရတ်ရွှေဆိုင်ပိုင်ရှင်) ဦးထွန်းအေးသိန်း နှင့် တစ်ခြား ၂ ဦးပါရှိသည်။

စစ်ကောင်စီသည်(ULA )ဒုတရားသူကြီး ချစ်ထူးခိုင်အား သောင်းကျန်းသူအဖွဲ့၏ ULA အဖွဲ့တွင် ဒုမြို့နယ် တရားသူကြီးတာဝန်ထမ်းဆောင်နေခြင်း၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားစေရန် ပရဟိတလုပ်ငန်းလုပ်ကိုင်စဉ် သိကျွမ်းရင်းနှီးသူများထံ ဆက်သွယ်၍ မမှန်မကန်ဝါဒဖြန့်ခြင်း၊ ဒေသမတည်မငြိမ် ဖြစ်စေရန်လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း ​ဝရမ်းစာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ထို့အပြင်(ဘ)ဦးအောင်ဘလှိုင်(ထွေအုပ်စာရေးကြီး)ကျော်မင်းလှိုင်အား AA သောင်းကျန်းသူ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး AA သောင်းကျန်းသူအဖွဲ့အတွက် မြို့နေပြည်သူလူထုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စုံဆိုင် ပိုင်ရှင်များထံမှ အဓမ္မဆက်ကြေးကောက်ခံခြင်း၊ ရခိုင်လူငယ်များအား အဓမ္မဖမ်းဆီးကာ AA သောင်းကျန်းသူအဖွဲ့သို့ သွင်းပေးခြင်းများနှင့် ဒေသမတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း ဆိုထားသည်။

အလားတူ ဝေသာလီရပ်ကွက်အုပ်ချုပ်ရေးမှူး စံအောင်ထွန်းအား AA သောင်းကျန်းသူအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်း၊ AA သောင်းကျန်းသူအဖွဲ့အတွက် ရပ်ကွက်နေပြည်သူလူထုများ၊ ဈေးဆိုင်များထံမှ အဓမ္မဆတ်ကြေးကောက်ခံပေးနေသူတစ်ဦးဖြစ်ခြင်း၊ ဒေသမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူတစ်ဦးဖြစ်ခြင်း အပါအဝင် တစ်ခြားသူများကို ၎င်းနည်းတူ ရေးသားထားပြီး ဓာတ်တိုင်များတွင် ကပ်ထားကြောင်း တွေ့ရသည်။

ရှမ်းမြောက်နှင့် ရက္ခိုင်ဒေသအတွင်း အထိနာကျဆုံးနေသာ စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်၏ တရားရေးဌာကိုပါ ထိပါးနှောက်ယှက်လာခြင်း၊ အုပ်ချုပ်ရေးယန္တရားများကို ဝင်ရောက်ရှာဖွယ်ခြင်း၊ ပြည်သူလူထုများကို AA ဟုသတ်မှတ်နေခြင်းများပြုလုပ်လျက်ရှိပြီး မောင်တောမြို့ခံများကိုလည်း ဝရမ်းပြေးစာထုတ်ထားကြောင်း တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ