သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ် အောင်သုခရွာသို့ စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၊ နေအိမ် ၂ ဆောင်မီးလောင်နေဟု သိရ

မောင်တောမြို့နယ် အောင်သုခရွာသို့ စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၊ နေအိမ် ၂ ဆောင်မီးလောင်နေဟု သိရ

AB News – နိုဝင်ဘာ ၁၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် အောင်သုခရွာထဲသို့ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း စုံစမ်းသိရှိရသည်။

အင်းဒင်တပ်စခန်းမှ စစ်ကောင်စီ ဗိုလ်မှူးအဆင့်ရှိသူက ယနေ့မနက် ၇ နာရီကျော်က အောင်သုခရွာခံသားတစ်ဦးသို့ ဖုန်းခေါ်ဆိုပြီး လက်နက်ကြီးဖြင့် ပစ်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

စကစတပ်စွဲထားသည့် အင်းဒင်စခန်းမှ ယနေ့ နိုဝင်ဘာ ၁ နာရီခွဲခန့်ကစပြီး လက်နက်ကြီးပစ်ခတ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်နေသည့်အတွက် ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ရွာထဲကို လက်နက်ကြီးတွေ၊ လက်နက်ငယ်ပစ်ခတ်နေပါတယ်၊ ရွာမှာလူတွေလဲမရှိတော့ဘူး၊ အကုန်လုံးထွက်ပြေးနေကြရတယ်” ဟု ဆိုသည်။

စကစ တပ်ဖွဲ့များသည် ရွာသို့ ဦးတည်ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ အလွန်စိုးရိမ်လျက်ရှိပြီး ပျက်စီးမှုများကို မသိရှိရသေးပေ။

ယမန်နေ့ကလည်း စကစ အင်းဒင်တပ်စခန်းမှ စကစ ဗိုလ်မှူးက အင်းဒင်ရွာကို လက်နက်ကြီးလှမ်းပစ်မည်ဟုပြောဆိုခဲ့သဖြင့် ဒေသခံအများအပြား နီးစပ်ရာကျေးရွာများသို့ ရှောင်ပြေးခဲ့ကြရသည်။

စစ်ကောင်စီသည် ၎င်းတို့၏တပ်စခန်းများ လက်လွှတ်ဆုံးရှုံးနေရသည့်အတွက်အပြစ်မဲ့ပြည်သူများအား ဦးတည်ပစ်ခတ်လာခြင်း၊ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ယနေ့တွင်လည်း ရက္ခိုင့်တပ်တော်မှ ပေါက်တောမြို့မရဲစခန်းကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ရာ စကစမှ ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည့်အတွက် လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် မောင်တောမြောက်ပိုင်း ဒုံးညိုကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် စကစ တို့ ၂ ဖက်တိုက်ပွဲ အပြန်အလှန် တိုက်ခိုက်နေကြောင်း AB News က ထောက်လှမ်းသိရသည်။

အသေးစိတ်အချက်အလက်များကို AB News က အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ