သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် မိသားစု တစ်စုကို စောမြရာဇာလင်းဦးဆောင်သည့် ခွဲထွက် ALP အဖွဲ့က ဖမ်းဆီးပြီး နောက်တစ်နေ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရ

Arakan Bay News-နိုဝင်ဘာ ၁ ရက်

ရခိုင်ပြည် စစ်တွေမြို့ စက်ရုံစု အကွက် ၆ မှ မိသားစု ၁ စုအား ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့က ည ၈ နာရီကျော်တွင် စောမြရာဇာလင်း ဦးဆောင်သည့် ခွဲထွက် ALP အဖွဲ့က နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မနက်ပိုင်းမှာ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ မိခင်ဖြစ်သူ အသက် ၄၀ နှစ်အရွယ် ဒေါ်အငယ်၊ သမီးဖြစ်သူ ကိုယ်ဝန်သည် အသက် ၂၁ နှစ်အရွယ် မဂွမ်းပုံ (ခ) မဆောင်းမိုးအေးနှင့် သားမက်ဖြစ်သူ တို့အား စောမြရာဇာလင်းဦးဆောင်သည့် ခွဲထွက် ALP အဖွဲ့ဝင် ၁၀ ခန့်သည် လက်နက်အပြည့်အစုံကိုင်ပြီး တုတ်တုတ်ချေတို့ဖြင့် ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က နေအိမ်သို့ လာရောက် ဖမ်းဆီးခေါ်ယူသွားခဲ့ကြောင်း ရပ်ကွက်သားများ ပြောပြချက်အရ သိရသည်။

ထိုဖမ်းဆီးခံခဲ့ရသူများမှာ ယနေ့ နိုဝင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသော်လည်း မည်သည့်အတွက်ကြောင်း ခွဲထွက် ALP ကဖမ်းဆီးခဲ့သည်ကိုမူ မသိရသေးပေ။

အကြောင်းစုံသိရှိနိုင်ဖို့ ALP သို့ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

စောမြရာဇာလင်း ဦးဆောင်သည့် ခွဲထွက် ALP အမည်ခံအဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်ဝယ်ခံလုပ်ပြီး စစ်တွေမြို့ခံများအား ဖမ်းဆီးငွေညှစ်ခြင်း၊ နှိပ်စက်ခြင်း၊ သောက်စားမူးယစ်ကာ သောင်းကျန်းခြင်းများကို အကြိမ်ကြိမ်အခါခါ ပြုလုပ်ကြောင်း စစ်တွေမြို့ခံများ ပြောပြချက်အရ သိရသည်။

စောမြရာဇာလင်းဦးဆောင်သည့် ခွဲထွက် ALP အဖွဲ့သည် စစ်ကောင်စီဖိတ်ခေါ်သည့် ၈ နှစ်မြောက် NCA ပွဲသို့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီအား မျက်နှာချိုသွေးကာ ရခိုင်လူမျိုးအား သစ္စာဖောက်သည့် လုပ်ရပ်ကို လုပ်ကိုင်နေသည့်အဖွဲ့တစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ