ရက္ခိုင်မြောက်ပိုင်း မောင်တောမြိုနယ် ညမထွက်ရအမိန့် ၂ လ ထပ်တိုးကြောင်း အောက်တိုဘာ ၁၁ ရက်နေ့ နေ့စွဲဖြင့် စစ်ကောင်စီထုတ်ပြန်လိုက်သည်။
ရခိုင်တွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဘင်္ဂါလီအရေးအခင်းကို အကြောင်းပြပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ခြင်းဖြစ်သည်။
ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၅ နာရီထိ ကန့်သတ်ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် မောင်တောဒေသ၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တိုအကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းများကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လျက်ရှိနေသည်။