သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေ တက္ကသိုလ်အနီးတွင် ပစ်သတ်ခံရသည့် ALP ဒုဥက္ကဌအပါဝင် ၃ဦးအား ULA/AA က လုပ်ကြံသည်ဟု ALP ထုတ်ပြန်

ABN-ရှိုင်းမိုး

ဇူလိုင် ၂ရက်

ယမန်နေ့ ဇူလိုင်လ ၁ရက်နေ့ နေ့လည် ၁၂ နာရီကျော်ခန့်က ရခိုင်ပြည် စစ်တွေ တက္ကသိုလ်အနီးတွင် ALP ဒုဥက္ကဌအပါဝင် တပ်ဖွဲ့ဝင် ၃ဦးပစ်သတ်ခံရမှုကို ULA/AA ကလုပ်ကြံသည်ဟု ယနေ့ ၂နာရီကျော်အချိန်တွင် ALPမှ ထုတ်ပြန်လိုက်သည်။

ယမန်နေ့ နေ့လည် ၁၂ နာရီ မိနစ် ၂၀ ခန့်က စစ်တွေ တက္ကသိုလ်ရှေ့ မင်းဂံလမ်းဆုံတွင် အမည်မသိ ဆိုင်ကယ်စီးလာသူ ၂ဦးက အပြာရောင် အိမ်စီးကားပေါ်ကို လက်နက်ငယ်များဖြင့် ၁၅ ချက်ခန့်ပစ်ခတ်ခဲ့သည်ဟုသိရသည်။

ထိုပစ်ခတ်မှုကြောင့် ALP ပါတီမှ ပါတီဒုဥက္ကဌ ခိုင်နီရောင် ၊ တပ်ရင်းမှူးအဆင့်ရှိသူ ခိုင်ကျော်မင်း နှင့် ယာဥ်မောင်း ခိုင်ကျော်နိုင်တို့ သေဆုံးခဲ့သည်။

၂၀၂၂ ခုနှစ်က ALP ၏ စစ်ဦးစီးချုပ်နှင့်အဖွဲ့ ပစ်သတ်ခံရသည့်အမှုတွင်လည်း ရက္ခိုင့်တပ်တော်က လုပ်ကြံခြင်းဖြစ်ကြောင်း ALP က စွပ်စွဲပြောဆိုခဲ့သော်လည်း ရက္ခိုင့်တပ်တော်က ငြင်းဆန်ခဲ့သည်။

ALP အဖွဲ့သည် ပါတီတွင်း စည်းလုံးမှု ပြိုကွဲပြီး အစိပ်စိပ်အမွှာမွှာ ကွဲနေသည့် အဖွဲ့တစ်ခု ဖြစ်သည်ကို ထုတ်ပြန်ချက်များ ထုတ်ပြန်ချက်များအရ သိရသည်။

ယမန်နေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည့် ဒုဥက္ကဌဆိုသူမှာလည်း စောမြရာဇာလင်း ဦးဆောင်သော အဖွဲ့မှ ဖြစ်သည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ