သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နမ့်ခမ်း၊ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော် က ကျပ်သိန်း ၁၀၀ ထောက်ပံ့

​AB News – ဇွန် ၁၀၊ ၂၀၂၆

​ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အာရက္ခတပ်တော်(AA) ၏ မီးနဂါးစစ်ဒေသမှ ကျပ်သိန်း ၁၀၀ တိတိ ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

​ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ထိန်းချုပ်ရာ နမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက်အတွင်းရှိ မိုင်းတွင်းသုံး ယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှတစ်ဆင့် တစ်ရွာလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

​အဆိုပါ ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၄၃ ဦး သေဆုံးခဲ့ပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၃၇ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်ပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း TNLA က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် က ဤကဲ့သို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသည့်အပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ PSLF/TNLA အနေဖြင့်လည်း အထူးဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ကာ ဒေသခံများအား တောင်းပန်စကားဆိုခဲ့သည်။

လတ်တလောတွင် ကွယ်လွန်သူများအတွက် ရက်လည်တရားနာပွဲ ပြုလုပ်ပေးခဲ့ပြီး ထိခိုက်ခံစားခဲ့ရသည့် မိသားစုဝင်များထံသို့လည်း ကူညီထောက်ပံ့ငွေများ ပေးအပ်ထားကြောင်း သိရှိရသည်။

Photo – ကောင်းတပ်ကျေးရွာပြန်လည်ထူထောင်ရေးကော်မတီ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ