သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
SRA တပ်ပေါင်းစုမှ တပ်ဖွဲ့ဝင်အချို့ကို PDF ဖမ်းဆီးထား

AB News – မတ် ၇၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ PDF ဂိတ်စခန်းတစ်ခုတွင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA )၏ အဖွဲ့ဝင်ဖြစ်သည့် အမျိုးသားလွှတ်မြောက်ရေးတပ်တော်(NLAA) မှ တပ်မှူးတစ်ဦးနှင့် တပ်သား ၄ ဦးကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

ယမန့်နေ့ မတ်လ ၆ရက်နေ့ နံနက် ၁၀ခန့် အချိန်တွင် အမှတ် ၁ စစ်ဒေသညွန့်ကြားချက်ဟုဆိုကာ ၎င်းတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်သွားသည့်နေရာကို ထုတ်ဖော်မပြောကြောင်း သိရှိရသည်။

အဆိုပါ အဖွဲ့ဝင်များဖမ်းဆီးခံရမှုနှင့် ပတ်သတ်ပြီး SRA ဘက်မှ NUG နှင့် ဆွေးနွေးတိုင်ပင်နေကြောင်းကိုလည်း ဖော်ပြထားသည်။

SRA၏ ဦးဆောင်ကော်မတီဝင် ကိုမင်းဟန်ထက်မှာ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ တွင် ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူလုပ်ဆောင်ခဲ့ပြီး နောက်တစ်ရက်တွင် တပ်ပေါင်းစု အဖွဲ့ဝင်များဖမ်းဆီးခံရခြင်းဖြစ်သည်။

“ဒီအင်တာဗျူးကို ဖြေပြီးနောက်ရက်တွေမှာပဲ SRA အဖွဲ့ဝင် တပ်ဖွဲ့အချို့က ခေါင်းဆောင်ပိုင်းရဲဘော်တွေ၊ တပ်ဖွဲ့ဝင်ရဲဘော်တွေကို NUG ကွပ်ကဲမှုအောက်မှာရှိတဲ့ အဖွဲ့အစည်းများက ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ လက်ရှိမှာတော့ NUG က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။” ဟု အင်တာဗျူရုပ်သံဖိုင်နှင့်အတူ ကိုမင်းဟန်ထက် က ၎င်း၏ လူမှုကွက်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အလားတူ မတ်လ ၃ရက် ည‌နေပိုင်းအချိန်တွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) မကွေးအနောက်ခြမ်းဒေသ၌ SRA အဖွဲ့ဝင် ကျောင်းသားလက်ရုံးတပ်တော်(SAF) မှ တပ်သား ၄ ဦးဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

ပုံစာ – နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်သည့် ကျောင်းသားလက်ရုံတပ်တော်(SAF)မှ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်။

ArakanBayNews #AB News #NUG #PDF #Arrested #SoldiersFrom SRA #NLAA #NUG

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ