
AB News – မေ ၂၊ ၂၀၂၆
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတစ်နေရာတွင် မူဆလင် လက်နက်ကိုင်အဖွဲ့ ARSAနှင့် ARA တို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာဖြစ်သည့် TT News သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ပစ်ခတ်မှုသည် ယမန်နေ့ မေလ ၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း (64 BGB) လက်အောက်ရှိ Palangkhali BOPဒေသ ၏ နယ်စပ်မှတ်တိုင် ၁၉-၂၀ အကြား သုညမျဉ်း၏ အရှေ့ဘက် ၂ ကီလိုမီတာခန့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း နှစ်ဖက်စလုံးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အကြိမ် ၂၀၀ မှ ၂၅၀ ခန့် ပစ်ခတ်မှုပြုလုပ်ခဲ့သောကြောင့် နယ်စပ်ဒေသများအတွင်း ထိတ်လန့်မှုများရှိနေဟု သိရသည်။
တချိန်တည်းတွင်Palangkhali BOPဒေသ အပါအဝင် နယ်စပ်ဒေသများအတွင်း နေထိုင်ကြသည့် ပြည်သူများမှာ ကြောက်ရွံ့ပြီး တိမ်းရှောင်နေမှုများ ရှိနေကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB) မှ အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။
နယ်စပ်အခြေအနေ ပုံမှန်ဖြစ်ရန်နှင့် နယ်စပ်မှာစောင့်ကြည့်မှုများ အားကောင်းလာအောင်ဆောက်ရွက်နေသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြား ထားသည်။