သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုင်းယု (၁၀၅) မိုင်တွင် AA ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့မှ မိုးရာသီ အမျိုးသား ဘောလုံးပြိုင်ပွဲကျင်းပ

AB News – စက်တင်ဘာ ၂၁၊ ၂၀၂၆

ရှမ်းပြည်နယ်မြောင်ပိုင်း၊ မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်အုပ်ချုပ်ရာဒေသ မိုင်းယု (၁၀၅) မိုင်တွင် အာရက္ခတပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့က မိုးရာသီအလွတ်တန်းအမျိုးသားပြိုင်ပွဲကို ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲကို အသင်း ၁၀ သင်းမှ ဝင်ရောက်ယှဉ်ပြိုင်‌နေ‌ကြပြီး အဆိုပါပြိုင်ပွဲအခမ်းအနားသို့ ကိုးကန့်တပ် (MNDAA)၊ အာရက္ခတပ်တော် (AA) မှတာဝန်ရှိသူများနှင့် ဒေသခံရပ်မိရပ်ဖများလည်း တက်ရောက်ခဲ့ကြသည်။

အာရက္ခတပ်တော် (AA) ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့သည် ၎င်းတို့အုပ်ချုပ်ရာဒေသအတွင်း ဒေသခံပြည်သူများနှင့်အတူ အရိပ်ရသစ်ပင်များစိုက်ပျိုးခြင်းနှင့် ပြည်သူများ သွားလာရအဆင်ပြေ​စေရန်လည်း ပျက်စီးနေသည့် လမ်းများအား ပြုပြင်လုပ်ဆောင်ပေးခဲ့သည်။

Photo – Mine Yu News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ