Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင် စကခ ၁၅ ဌာနချုပ် နှင့် တောင်ကုတ် စကခ ၅တို့အပါအဝင် လက်ကျန်စခန်းတိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA ပြော

နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်မှ စကခ ၁၅ ဌာနချုပ် နှင့် တောင်ကုတ်ရှိ စကခ ၅တို့အပါအဝင် စစ်ကောင်စီ၏ ရက္ခိုင်ပြည်တွင်း လက်ကျန်စခန်းတိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်သွားဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၂ရက်နေ့တွင် အာရက္ခတပ်တော်က ထုတ်ပြန်ကြေညာလိုက်သည်။

ထုတ်ပြန်ချက်တွင် “အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်” ဟု ဖော်ပြထားသည်။

ဧပြီလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၅၀ ခန့်ပါစစ်ကြောင်း နှင့် အာရက္ခတပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများဖြင့် နပခဌာနချုပ်ရှိရာအမ်းသို့ ပြန်လည်တပ်ဆုတ်သွားခဲ့ပြီး တိုက်ပွဲအတွင်း အာရက္ခတပ်တော်ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မျက်မြင် ၅ ဦး သေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဧပြီလ ၁၀ ရက်နေ့တွင်လည်း မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် ၂.၅ ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တောကျော်လမ်း) တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ ၁ နာရီနားပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၆ ဦး သေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ ဧပြီလ ၁၂ရက်နေ့တွင် စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်မှ အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

#ABN#AA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ