သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

AB News – မတ် ၁၇၊ ၂၀၂၆

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်အချိန်တွင် မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုံ၌ ရေနစ်သေဆုံးနေသော သက်လတ်ပိုင်အရွယ် အမျိုးသားရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါရေနစ်သေဆုံးသူမှာ မောင်တောမြို့၊ အမှတ် (၄) ရပ်ကွက်၊ စံပြရွာမှ အဖ ဦးအလုံးချေ၏ သားဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဦးနီဝင်းထွန်း ဖြစ်ကြောင်း သိရသည်။

၎င်းမှာ မောင်တောမြို့၊ အမှတ် (၁၁) ရပ်ကွက်ရှိ ကညင်ချောင်းစီးပွားရေးဇုန် လှေဆိပ်တွင် ဦးကျော်မိုးဌေး ပိုင်ဆိုင်သော လှေတွင် လှေအငှားလိုက်နေသူဖြစ်ကြောင်း သိရသည်။

ဦးနီဝင်းထွန်းသည် ကညင်ချောင်းစီးပွားရေဇုန် လှေဆိပ်၌ လှေအငှားလိုက်နေသော လုပ်ဖော်ကိုင်ဖက် (၆)ဦးနှင့်အတူ အရက်သေစာသောက်စားခဲ့ပြီး ၎င်းလှေအငှားလိုက်နေသည့် ဦးကျော်မိုးဌေး လှေသို့ သွားအိပ်ခဲ့ပြီးနောက် မတ်လ ၁၆ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်အချိန်တွင် လုပ်ဖော်ကိုင်ဖက်များက ၎င်း၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို တွေ့ရှိပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းခဲ့ပြီး လက်ရှိတွင် သက်ဆိုင်ရာမှ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က မြောက်ဦးမြို့တွင် အသက် ၁၃ နှစ်အရွယ်နှင့် အသက် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသူ ၂ ဦး အလယ်စျေးချောင်းတွင် ရေဆင်းချိုးရာ၌ ရေနစ်သေဆုံးခဲ့ရသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ဖားပျော် (ရခိုင်) ကျေးရွာတွင် ဝက်ရှူးပြန်ရောဂါဝေဒနာ ခံစားနေရသည့် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ဆပ်ကျာ (မူဆလင်) ကျေးရွာ အရှေ့ဘက်ရှိ လေးမြို့မြစ်အတွင်း မူဆင်လင်ကလေးငယ်တစ်ဦး ရေဆင်းချိုးနေစဥ် ရေနစ်သေဆုံးခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ကညင်ချောင်းကျေးတွင် ရွာအနောက်ဖက်ချောင်းကိုဖြတ်ကူးစဥ် အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် (၃၂) နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

ArakanBayNews #AB_News #ရေနစ်သေဆုံး #အမျိုးသားတစ်ဦး #ကညင်ချောင်းစီးပွားရေးဇုန် #Maungdaw_Township #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ