သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်အတွင်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိ


AB News – ဇွန် ၁၇၊ ၂၀၂၆

ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ်အအတွင်းရှိ ကုလားတန်မြစ်တွင် ယမန်နေ့ ဇွန်လ ၁၆ ရက်၊ နံနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရုပ်အလောင်းအား တွေ့ရှိပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများက စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရှင်းလက်ဝ(အောက်)ကျေးရွာနေ (အဖ) ဦးတင်မောင်၏သား အသက် ၄၇ နှစ်အရွယ် ကိုဇော်နိုင်တင့် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ကိုဇော်နိုင်တင့်သည် ဇွန် ၁၄ ရက်က ရှင်းလက်ဝကျေးရွာမှ အိန္ဒိယဘက်သို့ ကုန်ပစ္စည်းတင်ပို့ရန် စက်လှေဖြင့် တစ်ဦးတည်း ထွက်ခွာသွားခဲ့သူဖြစ်သည်။ ထွက်ခွာသွားပြီးနောက် အဆက်အသွယ် မရရှိတော့ဘဲ နှစ်ရက်အကြာတွင် ကုလားတန်မြစ်အတွင်း ၎င်း၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရုပ်အလောင်းကို ဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆယ်ယူနိုင်ခဲ့ပြီး သေဆုံးရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။



ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ