သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တံတားဦးလေတပ်စခန်းကို PDF က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် တိုက်လေယာဉ်များ ထိခိုက်ပျက်စီး

AB News – စက်တင်ဘာ ၁၁၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယမန်နေ့ စက်တင်ဘာ ၁၀ ရက်တွင် FPV တိုက်ခိုက်ရေးဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် တပ်စခန်းအတွင်းရှိ တိုက်လေယာဉ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ တံတားဦးလေတပ်စခန်းကို PDF ဘက်မှ FPV ဒရုန်း ၆ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ တိုက်လေယာဉ် ၄ စီး ထိခိုက်ခဲ့သည့်အနက် ၂ စီးမှာ လုံးဝ ပေါက်ကွဲပျက်စီးသွားပြီး ကျန် ၂ စီးမှာလည်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ရာတွင် PDF များ အသုံးပြုခဲ့သည့် FPV ဒရုန်း ၆ စီးလုံးကို လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ပစ်ခတ်တားဆီးနိုင်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှု မရှိကြောင်း ငြင်းဆိုထားသည်။

ထို့ပြင် အဆိုပါ တိုက်ခိုက်မှုသည် ဂျနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ဖောက်ဖျက်သည့် စစ်ရာဇဝတ်မှု (War Crime) ဖြစ်ကြောင်းလည်း စစ်ကော်မရှင်က စွပ်စွဲထုတ်ပြန်ထားသည်။

အဆိုပါ လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် တံတားဦးလေတပ်နှင့် ဘေးချင်းကပ်လျက်ရှိသော မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ခရီးစဉ်များအားလုံးကို ရပ်ဆိုင်းလိုက်ရသည်။

ခရီးစဉ်များ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ၏ ထုတ်ပြန်ချက်အရ ပြည်တွင်းခရီးစဉ်များကို ပြင်ဦးလွင်ရှိ အနီးစခန်းလေဆိပ်သို့ ပြောင်းလဲပြေးဆွဲမည်ဖြစ်ပြီး နိုင်ငံတကာ ခရီးစဉ်များအားလုံးကိုမူ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ