သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်မှ တိုက်ခိုက်မှုများ ထပ်လုပ်ပါက ပြင်းထန်သော ထိုးနှက်ချက်ဖြင့် လက်တုံ့ပြန် သွားမည်ဟု အီရန် ခြိမ်းခြောက်

AB News – မေ ၁၊၂၀၂၆

အမေရိကန်အစိုးရမှ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာလျှင် အမေရိကန် တပ်စခန်းများအား နာကျင်စေမည့် ထိုးနှက်ချက်များနှင့် ပြန်လည်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း Ruters သတင်းဌာနတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား၏ ထိန်းချုပ်မှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အဆိုပါ လုပ်ရပ်သည် ရေလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေး မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းနေသော အမေရိကန်၏ အစီအစဉ်များကို ပိုမိုရှုပ်ထွေးသွားစေခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၏ အီရန်အပေါ် တိုက်ခိုက်မှုသည် အတိုင်းအတာတစ်ခုအထိသာ ကန့်သတ်ထားသော တိုက်ခိုက်မှုမျိုး ဖြစ်ကြောင်း အီရန်၏ တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦး အရာရှိတစ်ဦးက ပြောကြားသည်။

ကန့်သတ်ထားသည့်အတိုင်း မဟုတ်ပဲ အမေရိကန်ဘက်မှ ပြန်တိုက်ခိုက်လာပါက အမေရိကန်တပ်စခန်းများအပေါ် ရှည်လျားပြီး နာကျင်စေမည့် ထိုးနှက်တိုက်ခိုက်မှု ဖြစ်လာစေဖို့ လမ်းဖွင့်ပေးလိုက်ခြင်းသာ ဖြစ်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည့်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အဆိုပါ ရေလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် အနှောင့်အယှက်များသည်ယခုနှစ် နှစ်လယ်ပိုင်းအထိ ကြာရှည်သွားပါက ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းသွားမည်ဟု သတိပေးလိုက်သည်။

ယင်းအပြင် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ပြီး လူဦးရေ သန်းပေါင်းများစွာမှာလည်း ဆင်းရဲမွဲမှုများဖြင့် အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှု ဘေးဒုက္ခများအတွင်းသို့ ပိုမိုတွန်းပို့ခံရနိုင်သည်ဟု ၎င်းက ဆိုထားသည်။

အီရန်နှင့် အမေကိရန် စစ်ပွဲ ၆၂ ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် အမေရိကန်က အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက် ပြုလုပ်သည့် ရေကြောင်းသွားလာမှုများကို ရေတပ်ဖြင့် ဆက်လက်ပိတ်ဆို့ထားသကဲ့သို့ အီရန်ဘက်ကလည်း ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့ထားဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ