သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ် ဘုရားတွင် တစ်ပါးတည်းနေ အသက် ၈၅ နှစ်အရွယ်ရှိ ရဟန်းကို ဓားဖြင့်ခုတ်ပြီး ဖုန်းနှင့် ငွေကိုလုယူသွား၊ ရဟန်းမှာ ဒဏ်ရာပြင်းထန်ရရှိ

ABN-ရှိုင်းမိုး

ရခိုင်ပြည် ဂွမြို့နယ် ရဟိုင်းကွင်းရွာ ရွှေနန်းခိုင်ဘုရားတွင် တပါးတည်းနေထိုင်သော ရဟန်းတပါးကို လူတစ်ဦးက ဓားဖြင့် ခုတ်ပြီး ဖုန်းနဲ့ ငွေကိုလုယူသွားကြောင်းသိရသည်။

ဓားခုတ်ခံရသည့် ရဟန်းအမည်မှာ ဦးကဝိန္ဒဖြစ်ပြီး အသက် ၈၅ နှစ်ရှိပြီ ဖြစ်ကြောင်း ရဟိုင်းကွင်းရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ကပြောသည်။

မှုခင်းဖြစ်ချိန်ကို သေချာမသိရသေးသော်လည်း ဓားဒဏ်ရာများနဲ့ ထိုရဟန်းကို တွေ့ရှိသောအချိန်မှာ မနက် ၄နာရီ ကျော်အချိန်ဖြစ်သည်ဟုသိရသည်။

ထိုရဟန်းကို ဂွပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် ၈နာရီ ၃၀အချိန်တွင် သံတွဲပြည်သူ့ဆေးရုံသို့ပိုဆောင်လိုက်ရကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့် ဒေသခံတစ်ဦးကပြောသည်။

“သတ်သွားတဲ့အချိန်ကိုသေချာမသိပါဘူး၊ မနက်အာရုံဆွမ်းသွားပို့မှသိရတာပါ၊ သိသိချင်း ဂွပြည်သူ့ဆေးရုံးကြီးကိုပို့ခဲ့ပါတယ်၊ အဲဒီဆေးရုံက ဒဏ်ရာများလွန်းလို့ဆိုပြီး သံတွဲဆေးရုံကြီးလွှဲပြောင်းခိုင်းခဲ့ပါတယ်” ဟု ဆိုသည်။

ထိုရဟန်းကို ဓားဖြင့် ခုတ်သွားသည့်သူဟု သံသယရှိသူအား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြကြောင်း ရဟိုင်းကွင်းရွာမှ အုပ်ချုပ်ရေးမှူးကပြောသည်။

“တရားခံကို ရဲတွေလိုက်ဖမ်းနေကြပါတယ်၊ သူက အရင်လည်း ပြစ်မှုကျူးလွန်ထားလို့ရှိပါတယ်၊ အသက်လည်းကြီးနေပါပြီ၊ ရဲတွေပဲလိုက်ဖမ်းနေတာပါ” ဟု၎င်းကဆိုသည်။

သံသယတရားခံမှာ ဦးမြင့်ဇော် အသက် ၃၅ နှစ်ခန့်ဖြစ်ပြီး ၎င်းမှာ ဂွမြို့ မြို့မရပ်ကွက် အလယ်ရွာမှ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

ထိုတရားခံသည် ၂၀၂၂ခုနှစ်ကလည်း ရဲတပ်ကြပ် ၂ဦးကို ဓားခုတ်မှုဖြင့် ထွက်ပြေးနေသူ ဖြစ်ကြောင်း ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ