သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်အတွင်းရှိစစ်ဘေးနှင့် ရေဘေး ဒုက္ခသည်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

AB News – ဩဂုတ် ၂၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်အတွင်း စစ်ဘေးရန်ကြောင့် ခိုလှုံလာရသူများနှင့် သဘာဝဘေးဒဏ် ကြုံတွေ့ခဲ့ရသည့် ဒေသခံများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်မှုများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာန၊ HDCO နှင့် ဒေသခံ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဘက်မှ ဂွမြို့နယ်အတွင်းသို့ စစ်ဘေးရှောင် ခိုလှုံလာကြသည့် စစ်ရှောင် အိမ်ထောင်စု ၄၇ စုအတွက် လိုအပ်နေသည့် ဆန် ၁၆ အိတ်ကို အုပ်ချုပ်ရေးဌာန၊ HDCO နှင့် လေးဝတီပရဟိတအသင်းတို့ ပူးပေါင်းကာ ဩဂုတ်လ ၂၁ ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

​ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသည့် ဂွမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက်လည်း ဆန်အိတ် စုစုပေါင်း ၂၂၇ အိတ်ကို ပူးပေါင်းအဖွဲ့များက ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေကြီးစဉ် ရေနစ်​မြုပ်သွားခဲ့သည့် သောက်သုံးရေကန်များကို ဒေသခံများနှင့် စုပေါင်း၍ ပြန်လည်သန့်ရှင်းပြုပြင်ခြင်း အပါအဝင် သောက်သုံးရေ ပြန်လည်ရရှိရေး လုပ်ငန်းများကိုပါ စနစ်တကျ အကောင်အထည်ဖော်ပေးခဲ့သည်။

ယခုကူညီမှုသည် စစ်ဘေးနှင့် ရေဘေး ဒဏ်နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း အလူးအလဲ ခံစားနေရသည့် ဒေသခံများနှင့် စစ်ရှောင်များအတွက် မြေပြင်မှ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို အချိန်ကိုက် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အရေးပါသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ