ABN-ဧပြီ ၇ ရက်
ရခိုင်ပြည် မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက်ရှိ မြသင်္ဂီရွှေဆိုင်မှ ရွှေအလုခံရကြောင်း သိရသည်။
ယနေ့ နံနက် ၉ နာရီခန့်က ရွှေဆိုင်မှ ရွှေထည်များကို လူ ၁ ဦးက ဆိုင်ကယ်ဖြင့် လာရောက်၍ လုယူသွားကြောင်း ဆိုင်ရှင်ကိုယ်တိုင် ၎င်း၏ ဖေ့စ်ဘုတ်တွင် တင်ထားသည်ကိုတွေ့ရသည်။
လုယူသွားသူမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
ရွှေထည်မည်မျှပါသွားကြောင်းကို သိရှိနိုင်ရန် ဆိုင်ရှင်အား ဆက်သွယ်နေဆဲဖြစ်သည်။
![မြောက်ဦးတွင် ရွှေဆိုင်မှ ရွှေထည်အလုခံရ](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/1-5.jpg?resize=526%2C935&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/04/3-4.jpg?resize=650%2C867&ssl=1)