ABN – သူရမောင်
မြောက်ဦးတွင် မိုင်းပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦးခြေထောက်ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသူမှာ မြောက်ဦးမြို့နယ်၊ နားဒင်း (ခမီ)ရွာမှ အဖ ဦးဗဒူးအောင်၊ အမိဒေါ်မဦးတို့၏သား ကို ကျော်ဆန်း ၂၄ နှစ်ဖြစ်ကြောင်း သိရသည်။
ယနေ့ ညနေ ၃ နာရီကျော်အချိန်တွင် မြောက်ဦးမြို့ ခမရ ၃၇၈ တပ်ရင်းအနီးတောင်တန်း၌ မိုင်းပေါင်ကွဲမှုကြောင့် ၎င်းမှာ ခြေထောက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကိုကျော်ဆန်းမှာ မြောက်ဦးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။
![မြောက်ဦးတွင် မိုင်းပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး ခြေထောက်ဒဏ်ရာပြင်းထန်ရ](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/image-124.png?resize=650%2C867&ssl=1)