ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကစပြီး
စစ်ကောင်စီကပိတ်ထားခဲ့သည့် မင်းပြား-မြေပုံ သွားလာသည့် ကြပ်စင်တံတားကို ယနေ့ ဒီဇင်ဘာ ၁၀ရက်နေ့ မနက် ၇ နာရီ ၃၀ အချိန်က စပြီးဖွင့်လိုက်ပြီဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာသည့်အချိန် ယခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှ စပြီး စစ်ကောင်စီတပ်က ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
ထိုမင်းပြားမြို့နယ် ကြပ်စင်တံတားတွင် စစ်ကောင်စီတပ်မှ ထောင်နဲ့ချီသည့် တပ်သားများ တပ်စခန်းချထားလျက်ရှိသည်။
![ကြပ်စင်တံတားကို စစ်ကောင်စီ ပြန်ဖွင့်](https://i0.wp.com/arakanbaynews.com/wp-content/uploads/2022/12/1-18.jpg?resize=650%2C650&ssl=1)