သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်မှ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ ကျောင်းဆရာမရုပ်အလောင်းကို ယနေ့သင်္ဂြိုလ်၊ လူထောင်ချီလိုက်ပို့

အကြမ်းဖက်စစ်ကောင်စီတပ်၏ တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့သည့် ကျောင်းဆရာမ၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လည် ၁ နာရီက မင်းပြားမြို့ မြို့မသုဿန်၌ သင်္ဂြိုလ်ခဲ့ပြီး လူထောင်ချီ တက်ရောက်ခဲ့ကြသည်။

သေဆုံးခဲ့ရသူ ကျောင်းဆရာမ ဒေါ်မမြစော အသက် ၄၈ နှစ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်စထိမှန်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ က မင်းပြားမြို့နယ် ထောင့်ချောင်းကြီးရွာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုနေ့က ကျောင်းဆရာမအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးခဲ့ရပြီး နှင့် ရွာသား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ-လေးမြို့မီဒီယာဂရု

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ