ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာမှအရပ်သား ၅ ဦးအား ယနေ့ နိုဝင်ဘာလ ၁၂ ရက် နေ့လည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရွာစာသင်ကျောင်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ တန်းခိုးရွာမှ ဦး မောင်ထွန်းအောင် ၅၇ နှစ်၊ ဦးမောင်သန်း ၄၈ နှစ်၊ ဒေါ်ဘားမ ၆၀ နှစ်ခန့်၊ ဦး ကျော်ဇောလှ ၆၀ နှစ်ခန့်နှင့် ဦးကျော်ဇော၏သား နိုင်အောင်စိုး ဖြစ်ကြသည်။
သူတို့ကို တန်ခိုးရွာ စာသင်ကျောင်းသို့ စစ်ကောင်စီ ၅၅၀ တပ်ရင်းမှ ဖမ်းဆီးသွားပြီး စာသင်ကျောင်းတွင် ကြိုးဖြင့် ဖမ်းချုပ်ထားသည်ဟု သတင်းရင်းမြစ်က ဆိုသည်။
ယနေ့ နေ့လယ်က တန်းခိုးရွာ၊ ကျွဲထိုးရွာနှင့် ကျော်ဇံရွာများဖက်သို့ စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်များဖြင့် ပတ်ခတ်ခြင်း၊ နေဗီများဖြင့် ပတ်ခတ်ခြင်း၊ ၅၅၀ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် ရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယနေ့ ကျောက်ဖြူမြို့မှ အရပ်သားတစ်ဦး၊ စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသား ၉ ဦးနှင့် ယမန်နေ့ ဘူးသီးတောင်မြို့နယ်မှ မူဆလင်တစ်ဦးတို့အား စစ်ကောင်စီမှ ဖမ်းဆီးထားလျက်ရှိသည်။