သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေစကြိုမြို့နယ်ရှိ စတားလင့် အင်တာနက်ဆိုင်ကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၊ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၅ ဦး သေဆုံး

AB News – အောက်တိုဘာ ၁၈၊ ၂၀၂၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ စတားလင့် အင်တာနက်ဆိုင်နှင့် ကျေးရွာများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ ပြည်သူ ၁၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရေစကြိုမြို့နယ် မြောက်ပိုင်းရှိ သစ်တောကြီးကျေးရွာနှင့် သစ်ကောက်ဆိပ်ကျေးရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းလေကြောင်း တိုက်ခိုက်မှုအတွင်း ဗုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် သစ်တောကြီးကျေးရွာရှိ စတားလင့် အင်တာနက်ဆိုင်တွင် အင်တာနက် အသုံးပြုနေသည့် ပြည်သူများ အပါအဝင် ၁၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး၊ သစ်ကောက်ဆိပ်ကျေးရွာတွင် ၁ ဦး၊ စုစုပေါင်း အပြစ်မဲ့ အရပ်သား ၁၅ ဦး သေဆုံးခဲရသည်။

ထို့အပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင်လည်း စစ်ကော်မရှင်တပ်သည် ရေစကြိုမြို့နယ် မြောက်ပိုင်း ကျေးရွာများနှင့် မြိုင်မြို့နယ် အရှေ့ပိုင်း ကျေးရွာများကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကော်မရှင်တပ်၏ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် သစ်တောကြီး၊ သစ်ကောက်ဆိပ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများသည် စိုးရိမ်ထိတ်လန့်ကာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ပုံ – Khit Thit Media

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ