AB News — ဇူလိုင် ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာ အနီးတဝိုက်ကို ယနေ့ ဇူလိုင် ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ ၈ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ် ၃ စီးနှင့် Y-12 လေယာဉ်အသုံးပြု၍ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ တချို့ဒေသခံများက ကျောက်တော်မြို့နယ်ဘက်သို့လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ပြောဆိုမှုများရှိသော်လည်း AB News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လေကြောင်းတိုက်ခိုက်မှုသည် ကျောက်ဆည်ပြင်ကျေးရွာအနီးဝန်းကျင်ရှိ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးမှု၊ အရပ်သားထိခိုက်သေဆုံးမှုနှင့် အသေးစိတ်အခြေအနေများကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အတည်ပြုရရှိသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

