သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီး

AB News – ဇွန် ၁၆၊ ၂၀၂၆

ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၄ လုံးခန့် ပျက်စီးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် စစ်ကော်မရှင်လေတပ်မှ ကျောက်ဖြူမြို့နယ်၊ အောင်သပြေကျေးရွာအတွင်းသို့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဗုံးသီး ၁ လုံးမှာ အောင်သပြေကျေးရွာမှ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ဘုန်းကြီးကျောင်းဆောင် ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ပြင် နောက်ထပ် ဗုံးသီး ၁ လုံးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ လူနေအိမ် ၂ လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့အတူ ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင်လည်း အောင်သပြေကျေးရွာအတွင်းသို့ စစ်ကော်မရှင် နေဗီမှ လက်နက်ကြီး ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင် နေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၂ လုံးမှာ အောင်သပြေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ လူနေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး နောက်လက်နက်ကြီးကျည် ၂ လုံးမှာ ကျေးရွာအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် နွား ၈ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ