သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံအတွင်း ရာဇဝတ်မှုအများအပြား ကျူးလွန်ထားသည့် မြန်မာနိုင်ငံသားအား ထိုင်းရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီး

AB News – ဧပြီ ၂၉၊ ၂၀၂၆

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ပွန်ခရိုင် (Chumphon)၊ ဆဝီမြို့နယ်တွင် ခိုးမှု၊ လုယက်မှုနှင့် မူးယစ်ဆေးဝါးမှုပေါင်းများစွာ ကျူးလွန်ထားသည့် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရန် ကြိုးပမ်းစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၂၈ ရက်၊ နေ့လည် ၁၂ နာရီခွဲဝန်းကျင်တွင် ဆဝီမြို့နယ်၊ ထွန်းရာယာကျေးရွာအုပ်စုရှိ တောင်ကုန်းဂူတစ်ခုအတွင်း ပုန်းအောင်းနေသည့် တရားခံကို ရဲတပ်ဖွဲ့နှင့် အထူးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ခဲ့ကာ အာဏာပိုင်များက လက်နက်ချရန် ဖျောင်းဖျနားချခဲ့သော်လည်း တရားခံက ဂူအတွင်းမှ နေ၍ စတင်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုကာ အပြင်သို့ ထွက်လာစေရန် လုပ်ဆောင်ခဲ့သော်လည်း တရားခံမှာ လက်နက်ဖြင့် ပြန်လည်ခုခံပစ်ခတ်ခဲ့သောကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ၎င်းမှာ ဝမ်းဗိုက်ကျည်ထိမှန်၍ သေဆုံးသွားခဲ့သည်။

သေဆုံးသူမှာ အသက် ၃၀ နှင့် ၃၅ နှစ်ဝန်းကျင်ရှိ မြန်မာနိုင်ငံသား (ကရင်တိုင်းရင်းသား) တစ်ဦးဖြစ်ကြောင်း သိရပြီး ၎င်းသေဆုံးနေသည့် နေရာအနီးမှ 38 လက်လုပ်သေနတ် တစ်လက်၊ ကျည်ဆန်အချို့နှင့် ဆက်စပ်ပစ္စည်းများ၊ မက်သာဖက်တမင်း(ရာဘ) စိတ်ကြွဆေးပြားများနှင့် လက်ကိုင်ဖုန်း တစ်လုံးကို သိမ်းဆည်းရရှိခဲ့ကြသည်။

ယင်းမတိုင်မီ ၎င်းနေထိုင်ရာ တဲအိမ်ကို ဝင်ရောက်စီးနင်းစဉ်ကလည်း စိတ်ကြွဆေးပြား ၁၇၀ ပြားနှင့် ကျည်ဆန်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူသည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဒေသတွင်းရှိ နေအိမ် ၃ လုံးကို အကြမ်းဖက်ဝင်ရောက်ကာ အိမ်ရှင်များကို ခြိမ်းခြောက်လုယက်ခဲ့ပြီး မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများနှင့် ဆက်နွှယ်မှုရှိကာ လက်လီရောင်းဝယ်မှုများ ပြုလုပ်နေသူလည်းဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ