သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝဒေသရှိ အာရက္ခတပ်တော် တပ်မွေးနေ့တွင် စစ်/ရဲ သုံ့ပန်းအပါအဝင် အရပ်သားအကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေး

AB News – ဧပြီ ၁၁၊ ၂၀၂၆

ပလက်ဝဒေသရှိ အာရက္ခတပ်တော်‌ ထူထောင်ခြင်း ၁၇ နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ် စစ်/ရဲသုံ့ပန်းနှင့် အရပ်ဖက်အကျဉ်းသား စုစုပေါင်း ၂၁ ဦးကို ယမန်နေ့တွင် လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလွတ်ငြိမ်းခွင့်ဖြင့် လွတ်‌မြောက်လာသူများကို လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က စားနပ်ရိက္ခာအဖြစ် ဆန် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

လွတ်မြောက်လာသူများတွင် စစ်သုံ့ပန်း ၉ ဦး၊ ရဲသုံ့ပန်း ၄ ဦးနှင့် အရပ်ဖက်အကျဉ်းသား အမျိုးသမီး တစ်ဦး အပါအဝင် ၈ ဦး စုစုပေါင်း ၂၁ ဦးကို အာရက္ခတပ်တော် က လွတ်ငြိမ်းခွင့် ပေးခဲ့ပြီး HDCO မှ လွတ်မြောက်လာသူ တစ်ဦးစီကို ဆန် ၆ဝ ဗူး လှူဒါန်းခဲ့ကာ စုစုပေါင်း တစ်လစာ စုစုပေါင်း ဆန် ၇ အိတ်ကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

ပလက်‌ဝဒေသတွင် အာရက္ခတပ်တော်က ဖမ်းစီးထားသော သုံ့ပန်းနှင့် အကျဉ်းသားလွှတ်ပေးခြင်းမှာ ၁၁ ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ