သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူနယ် ဒိုးတောင်ကျေးရွာကို စကမ လေကြောင်းမှ ၃ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်၊ စစ်ရှောင်အမျိုးသား ၁ ဦး သေဆုံး

AB News – မတ် ၁၉၊ ၂၀၂၆

ရက္ခိုင်​ပြည် ၊ ကျောက်ဖြူမြို့နယ်ရှိ၊ ဒိုးတောင်ကျေးရွာကို စစ်ကော်မရှင်တပ်က မတ်လ ၁၈ ရက်နေ့တွင် ဂျက်ဖိုက်တာနှင့် ဒရုန်းများအသုံးပြုကာ တစ်ရက်အတွင်း သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေဆုံးပြီး နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒိုးတောင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ချောင်းမြောင်ရွာမှ ဒိုးတောင်ရွာသို့ လာရောက် စစ်ဘေးရှောင်နေသည့် အသက် (၆၀) အရွယ် ဦးတင်ထီးခိုင် မှာ ဗုံးစထိမှန်ကာ သေဆုံးသွားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအပြီး ညနေ ၆ နာရီ ၅ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်က ဒရုန်းများဖြင့် ထပ်မံဗုံးကြဲခဲ့ရာ ရွာသားများဖြစ်ကြသည့် ဦးမြမောင်ဝင်း၊ ဦးမောင်ဝင်းချေနှင့် ဦးငညံ့ချေတို့၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ယင်းအပြင် ယမန်နေ့ မွန်းလွဲ ၁၁ နာရီကျော်အချိန်ကလည်း အဆိုပါကျေးရွာကို အသေခံဒရုန်း (၃) စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးရာ ဦးမြမောင်ဝင်းနှင့် ဦးသိန်းညွန့်ချေတို့၏ နေအိမ် (၂) ဆောင် ပျက်စီးခဲ့ရပြီး ဝက်တစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ဒိုးတောင်ကျေးရွာနေ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးနှင့် လေကြောင်းအင်အားကို အသုံးပြုကာ အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံသောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

Photo -APM

​#AB_News #WhatsHappeningInArakan #Airstrike #DroneAttack #CivilianTargeting #WarCrimes #HumanRightsViolations #MilitaryAirstrikes #JetFighterAttack #IndiscriminateAttack #Kyaukphyu #Arakan #Myanmar #Rakhine #CivilianCasualties #HumanitarianCrisis

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ