သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA ထိန်းချုပ်ဒေသတွင် ဟိန္ဒိူဘာသာဝင်တို့၏ ၄၅ ကြိမ်မြောက် အသံမစဲပဌာန်းရွတ်ဖတ်ပွဲတော် ကျင်းပ(ဓာတ်ပုံသတင်း)

AB News – မတ် ၄၊ ၂၀၂၆

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရက္ခိုင်ပြည်အတွင်း ဟိန္ဒိူဘာသာဝင်တို့၏ ၄၅ ကြိမ်မြောက် အသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

မဟာကိရိစ်နာ ယန ဟရီ ကိရိစ်နာ ဟရီရာမ အသံမစဲပဌာန်းရွတ်ဖတ် ပူဇော်ပွဲအခမ်းအနား ပထမနေ့တွင် ည ၆ နာရီမှ ၉ နာရီအချိန်ထိ ပဌာန်းရွတ်ဆိုခြင်းများပြုလုပ်ခဲ့ပြီး ဆီမီးများထွန်းကာ လှည့်လည်ခြင်းများ ပြုလုပ်ခဲ့သည်။

ပြီးနောက် ရပ်ရွာအေးချမ်း သာယာရေးနှင့် အညစ်အကြေးများကို သန့်စင်သည့် အနေဖြင့် ဘာသာရေး ဘုန်းကြီးတစ်ပါးမှ ရေထဲဆင်းကာ ရေသန့်စင်မှုများ ပြုလုပ်ခဲ့သည်။

ဒုတိယနေ့တွင် နံနက် ၅ နာရီအချိန်မှ စတင်ပြီး အိမ်တိုင်းစေ့ ဆီမီး များ ထွန်းညှိပူဇော်ပြီး ရွာလှည့်ကာ ပဌာန်းတရားနာမှုများ ပြုလုပ်ခဲ့သည်။ နေ့လည် တွင် ရပ်ရွာထဲမှ အပျိုလူပျိုအပါအဝင် ကလေးသူငယ်များ စုပေါင်း၍ ရောင်စုံအမှုန့်များ လိမ်းခြယ်ကာ ဟိုလီ ကစားခဲ့ကြသည်။

တတိယနေ့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဟိန္ဒူဘာသာဝင်များကို လေးစားသည့်အနေဖြင့် ဟိန္ဒူရိုးရာဝတ်စုံများဝတ်ကာ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး အဖွင့်အမှာစကား ပြောကြားကာ ပွဲတော်ဖြစ်မြောက်ရေးအတွက် ငွေသားအချို့လည်း ချီးမြှင့်ခဲ့ကြသည်။

နေ့လည်အချိန်တွင် ကျန်းမာသန်စွမ်းသည့် လူပျိုများမှ ရိုးရာ ဒိန်ချဥ်အိုးခွဲပွဲ ကိုလည်း ပထမဆုံးကျင်းပပြုလုပ်ခဲ့ကြပြီး ပွဲလုံခြုံရေးအတွက်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPSဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဓာတ်ပုံ – ချန်ဒြာ/ မာလာဝင်း/ Arakan Bay News

ArakanBayNews #AB_News #HoliFestival #ဟိန္ဒိူဘာသာ #ဘာသာရေးပွဲတော် #ပဌာန်းပွဲတော် #အာရက္ခတပ်တော် #ULA_AA #အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ #Rakhine_News #Myanmar

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ