AB News – ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူခရိုင် တစ်နေရာတွင် ခရိုင်ပါတီကော်မတီနှင့် ချင်းလူငယ်အဖွဲ့အစည်းတို့ တွေ့ဆုံပွဲတစ်ခုကို မနေ့က ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူခရိုင်ပါတီ အတွင်းရေးမှူးနှင့် တကွ တာဝန်ရှိသူများ၊ ကျောက်ဖြူခရိုင်မှ ချင်းလူငယ်အဖွဲ့အစည်း၏ ခေါင်းဆောင်များ၊ ဒေသခံချင်း လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနား၌ ချင်းလူမျိုးများအနေဖြင့် အနာဂတ် အာရက္ခပြည် တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ၌ ပူးပေါင်းပါဝင်သင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ချင်းလူငယ်အနာဂတ် လှပရေးကော်မတီ ဥက္ကဋ္ဌ မှ ကျောက်ဖြူခရိုင်ပါတီ အတွင်းရေးမှူးနှင့် တကွ တာဝန်ရှိသူများအပါအဝင် တက်ရောက်လာသူများအားလုံးကို အထူးကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။
ကျောက်ဖြူခရိုင်ပါတီ အတွင်းရေးမှူးမှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ မူဝါဒများအား ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံချင်း လူငယ်များမှလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ မူဝါဒများနှင့် စပ်လျဉ်း၍ နားမလည်သည်များကို ပြန်လည် မေးမြန်းခဲ့ကြသည်။
အနာဂတ် အာရက္ခပြည် တည်ဆောက်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည့် အချက်အလက်များကို ချင်းလူငယ်များမှ တရင်းတနှီး မေးမြန်းခဲ့ကြသည်။
ခရိုင်ပါတီ အတွင်းရေးမှူးမှ ချင်းလူငယ်များ၏ မေးမြန်းချက်များအား ရင်းရင်းနှီးနှီး ပြန်လည်ဖြေကြားပြီး ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌမှ အထူးကျေးဇူးတင်ကြောင်း ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။


