သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေအကျဉ်းထောင်တွင် အကျဉ်သားအခွင့်အရေးတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသား ၂ ဦး တိုက်ပိတ်ခံထားရ‎


‎AB News – ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆
‎ချန်ဒြာ

‎ရက္ခိုင်ပြည်၊ စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသော စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တောင်းဆိုသောကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး အပါအဝင် အကျဉ်းသားအချို့ တိုက်ပိတ်ခံထားရကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

‎ထို့ပြင် စစ်တွေအကျဉ်းထောင်အပါအဝင် မကွေးတိုင်း၊ မကွေးအကျဉ်းထောင်တို့တွင်လည်း အကျဉ်းထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် လုံလောက်သည့် ဆေးဝါးကုသမှုများကို မပေးဘဲ လျစ်လျူရှုထားခြင်းများရှိနေကြောင်း သိရသည်။

‎၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် စစ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အထိ စစ်တပ်နှင့် စစ်တပ်လက်အောက်ခံတို့၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၇၇၉၉) ဦးသေဆုံးခဲ့ရပြီး ဖြစ်ကြောင်း သိရသည်။

‎မတရားစစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်၍ စုစုပေါင်းဖမ်းဆီးခံရသူ (၃၀၄၆၈) ဦးထိရှိခဲ့ပြီး ထိုအထဲမှ (၂၂၇၇၄) ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ယင်းအထဲမှ (၁၁၅၂၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရဆဲဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ